Connect with us

North America

ဖေ့စ်ဘွတ် အမှုဆောင်အရာရှိချုပ်က အချက်အလက်ပေါက်ကြားမှု အရှုပ်တော်ပုံအတွက် ဗြိတိန်နှင့် အမေရိကန် သတင်းစာများတွင် တောင်းပန်

Facebook ၏ စီအီးအို မာ့ခ်ဇူကာဘတ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ဖေ့စ်ဘွတ် (Facebook) အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ် (Mark Zuckerberg) သည် ကမ္ဘာ့အကြီးဆုံး လူမှုမီဒီယာကုမ္ပဏီဖြစ်သော ဖေ့စ်ဘွတ်တွင် အချက်အလက်ပေါက်ကြားမှု အရှုပ်တော်ပုံအတွက် တောင်းပန်စာအား ဗြိတိန်နှင့် အမေရိကန် သတင်းစာများစွာ၌ စာတစ်မျက်နှာပြည့် ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်းပန်စာကြော်ငြာအား ဗြိတိန် သတင်းစာများဖြစ်သော The Observer, The Sunday Times, The Mail on Sunday, Sunday Mirror နှင့် Sunday Express တို့တွင်လည်းကောင်း၊ အမေရိကန် သတင်းစာများဖြစ်သော The New York Times, Washington Post နှင့် Wall Street Journal တို့တွင်လည်းကောင်း ထည့်သွင်းဖော်ပြခဲ့သည်။

“၂၀၁၄ ခုနှစ်က လူပေါင်းများစွာဆီက Facebook အချက်အလက်တွေ ချိုးယူခဲ့တဲ့ တက္ကသိုလ် သုတေသီတစ်ယောက်ရဲ့ Quiz app တစ်ခုအကြောင်းကို ကြားပြီးသားဖြစ်မှာပါ” ဟု ၂၀၁၆ ခုနှစ် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲအတွင်း ဖေ့စ်ဘွတ် အချက်အလက်အား ခြယ်လှယ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ဗြိတိန် အကြံပေးကုမ္ပဏီ Cambridge Analytica အား ရည်ညွှန်း၍ ဇူကာဘတ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ဒါက ယုံကြည်မှုကို ချိုးဖောက်လိုက်တာပါ။ အဲဒီအချိန်က ကျွန်တော်တို့ မလုပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ အဲဒီလိုမျိုးတွေ မဖြစ်အောင်လို့ ကျွန်တော်တို့ သေချာအောင် လုပ်နေပါပြီ” ဟု ဇူကာဘတ်က ဆိုသည်။

လက်ရှိတွင် ဖေ့စ်ဘွတ်အနေဖြင့် Sign in ဝင်သည့်အခါ သုံးစွဲသူ၏ အချက်အလက်မှ App များအား ကန့်သတ်ထားကြောင်း၊ အသုံးပြုသူများထံသို့ ဝင်ရောက်မည့် App တစ်ခုစီတိုင်းအား စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ဇူကာဘတ်က ပြောကြားခဲ့သည်။

“ဥပဒေချိုးဖောက်သူတွေကို တွေ့ခဲ့ရရင် သူတို့ကို ပိတ်ပစ်ပြီးတော့ အားလုံးကို ပြောပြသွားမှာပါ” ဟု ၎င်းက ဆိုသည်။

ဖေ့စ်ဘွတ် အသုံးပြုသူ သန်း ၅၀ ကျော်၏ အချက်အလက်အား ကာကွယ်ရန် ပျက်ကွက်မှုအတွက် ဝေဖန်ခံရပြီး ရက်အနည်းငယ်အကြာ၌ ယခုလို ဇူကာဘတ်၏ တောင်းပန်စာ ထွက်ပေါ်လာရခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.