ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ယနေ့ (မတ် ၂၁ ရက်)တွင် သမ္မတရာထူးမှ နုတ်ထွက်လိုက်ကြောင်း သမ္မတရုံးထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မေယုတောင်ကို ဖြတ်ကျော်ဖောက်လုပ်နေ သည့် ကျောက်ပန္တု-အင်းဒင်-စေတီပြင် လမ်း အမာခံကျောက်ခင်းခြင်းလုပ်ငန်း ခြောက်မိုင်ခန့် ပြီးစီးတော့မည်ဖြစ်ကြောင်း လမ်းဦးစီးဌာန လမ်း အထူးအဖွဲ့(၁၇)မှ သိရသည်။
ရန်ကုန် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် ယနေ့မတ် ၂၁ ရက်တွင် နိုင်ငံတော် သမ္မတ ရာထူးမှ နုတ်ထွက်သွားကြောင်း သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။(Xinhua)
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး သြင်္ကန်ပွဲတော်၌ မြို့တွင်းကိုးမြို့နယ်ကို အချိန်အကန့်အသတ်ဖြင့် ရေပေးဝေမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့သော မတ်လ ၁၈ ရက်တွင်ကျင်းပသည့် ရုရှားနိုင်ငံရွေးကောက်ပွဲ၌ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သူ သမ္မတဗလာတီမာပူတင် နှင့် သိပ်မကြာမီကာလတွင် တွေ့ဆုံဆွေးနွေးသွားရန် ဖြစ်နိုင်ချေ ရှိကြောင်း မတ်လ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။