Connect with us

North America

သိပ်မကြာမီကာလတွင် ပူတင်နှင့်တွေ့ဆုံရန် ရှိကြောင်း ထရမ့်ပြောကြား

၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ ၌ ကျင်းပသည့် APEC ထိပ်သီးအစည်းအဝေးတွင် သမ္မတဒေါ်နယ်ထရမ့် နှင့် သမ္မတပူတင် တို့ နှစ်ဦးအား အတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့သော မတ်လ ၁၈ ရက်တွင်ကျင်းပသည့် ရုရှားနိုင်ငံရွေးကောက်ပွဲ၌ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သူ သမ္မတဗလာတီမာပူတင် နှင့် သိပ်မကြာမီကာလတွင် တွေ့ဆုံဆွေးနွေးသွားရန် ဖြစ်နိုင်ချေ ရှိကြောင်း မတ်လ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ ရုရှားနိုင်ငံရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ သမ္မတပူတင်ဆီ ဖုန်းခေါ်ပြီး ဂုဏ်ပြုစကားဆိုခဲ့ပါတယ်” ဟု အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က သတင်းသမားများအားပြောကြားခဲ့သည်။

“ ဖုန်းထဲမှာတော့ သိပ်မကြာခင်ကာလမှာ ကျွန်တော်တို့နှစ်ဦးတွေ့ဆုံဆွေးနွေးဖို့ကိစ္စလည်း ပြောဖြစ်ပါတယ်” ဟု ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။

ထရမ့်က အမေရိကန် နှင့် ရုရှား နိုင်ငံတို့အကြား လက်နက်ပြိုင်ဆိုင်မှုကိစ္စရပ်အပါအဝင် ယူကရိန်း ၊ ဆီးရီးယား နှင့် ကိုရီးယားကျွန်းဆွယ်အရေးကိစ္စရပ်များကိုလည်း ဆွေးနွေးသွားဖွယ်ရှိကြောင်း ဆိုသည်။

မတ်လ ၂၀ရက် အစောပိုင်းကပြုလုပ်သော ထရမ့် နှင့် ပူတင်တို့၏ ဖုန်းဆက်ဆွေးနွေးမှုတွင် အမေရိကန်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များ ၊ နှစ်ဖက်အပြန်အလှန်ကြုံတွေ့နေရသည့် အမျိုးသားလုံခြုံရေးကိစ္စရပ်များ နှင့် စိန်ခေါ်မှုများကို ဆက်လက်ဆွေးနွေး အဖြေရှာသွားရန် တို့ပါဝင်ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖုန်းဆက်ဆွေးနွေးစဉ် ထရမ့်က ကိုရီးယားကျွန်းဆွယ်နျူကလီယားကင်းစင်ရေးကိစ္စရပ်များကိုလည်း အလေးထားဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ရုရှားနိုင်ငံသမ္မတပူတင်သည် မတ်လ ၁၈ ရက်တွင်ပြုလုပ်သည့် သမ္မတရွေးကောက်ပွဲ၌ မဲရလဒ် ၇၆ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တောင်ပြိုကမ်းပြို အနိုင်ရခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.