ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ မေလ ၁၄ ရက်နေ့ ယနေ့တွင်ကျင်းပလျက်ရှိသည့် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ မျက်နှာစုံညီအစည်းအဝေး တွင် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်ကျန်းကောလိက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ မျက်နှာစုံညီအစည်းအဝေး မြင်ကွင်းအပြည့်အစုံကို အောက်ပါလင့်ခ်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (Xinhua)
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းတွင် ကျင်းပလျက်ရှိသည့် ခေတ်သစ်ပိုးလမ်းမကြီးနှီးနှောဖလှယ်ပွဲ ညနေစာတည်ခင်းဧည့်ခံပွဲ ဖျော်ဖြေတင်ဆက်မှုများကို အောက်ပါလင့်ခ်တွင် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန်၌ တိုက်ရိုက်ကြည့်ရှုနိုင်ပြီ ဖြစ်သည်။ (Xinhua)
ပေကျင်း ၊ မေ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကော်ဆိမ်ခွန်း (Guo Shengkun) က ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင် ကုလသမဂ္ဂ နှင့် ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံက တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ) ကုလသမ္မဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူးထရက်စ်က ခေတ်သစ်ပိုးလမ်းမကြီးနှီးနှောဖလှယ်ပွဲတွင် မိန့်ခွန်းပြောကြားရာ ဘုံဖွံ့ဖြိုးတိုးတက်မှှုအတွက် တရုတ်နိုင်ငံက တင်သွင်းသည့် ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်း တွင် တစ်ကမ္ဘာလုံးက ပါဝင်ကာ အခွင့်အလမ်းများကို ဖန်တီးနိုင်ကြစေရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ (Xinhua)
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ က လာမည့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၈ ထရီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်ပို့သွားမည်ဖြစ်ကြောင်း ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၆ဝဝ ဘီလီယံ အထိရှိမည်ဖြစ်ကြောင်း၊ နိုင်ငံများအားလုံးကို တရုတ်နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု...