Connect with us

Politics, Law & Military

တရုတ်သမ္မတ က ဂျာမနီ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရသော မာကယ်ထံ ဂုဏ်ပြုလွှာပေးပို့

ဂျာမနီ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရသော အန်ဂျလာ မာကယ် အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဂျာမနီ ဝန်ကြီးချုပ်အဖြစ် လေးကြိမ်မြောက် ပြန်လည် ရွေးကောက်ခံရသော အန်ဂျလာ မာကယ် ထံ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို မတ် ၁၄ ရက် ကပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ရှီက ၂၀၁၄ခုနှစ် တွင် တရုတ်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့ ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စတင်တည်ထောင်စဉ်ကတည်းက နှစ်နိုင်ငံ ဆက်ဆံရေး တွင် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ၊ ဘုံအကျိုးစီးပွား နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု များဆက်တိုက်နက်ရှိုင်းလာခြင်း နှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် တိုးတက်ရေး၊ ဂလိုဘယ်လိုက်ဇေးရှင်း နှင့် နိုင်ငံပေါင်းစုံ ဆက်ဆံရေး မြှင့်တင်ဆောင်ရွက်ရေး တို့တွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်း က တရုတ်-ဂျာမနီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကို အထူးအလေးထားပါကြောင်း၊ အပြန်အလှန် မဟာဗျူဟာမြောက် ယုံကြည်မှုကို မြှင့်တင်ပြီး ခိုင်မာလာစေရန် မာကယ်နှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိပါကြောင်း၊ ဆက်ဆံရေးကို အဆင့်တစ်ခုအထိ မြှင့်တင်ပြီး ရလဒ်ကောင်းများ ရရှိရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

ယင်းနေ့မှာပင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က မာကယ်ထံ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပြီး တရုတ်-ဂျာမနီ ဆက်ဆံရေးတွင် အပြုသဘောဆောင်သည့် အရှိန်အဟုန်ကောင်းများကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း နှင့် ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား နက်ရှိုင်းအောင်ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်းမှုပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.