ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့အတွက် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းကသာမှန်ကန်သင့်လျော်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် ပြောခွင့်ရပုဂ္ဂိုလ် Zhang Yesui ကဆိုသည်။ တရုတ် အမေရိကန် နှစ်နိုင်ငံတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရန် ကိစ္စမှာ နှစ်နိုင်ငံ ပြည်သူများအားလုံး၏အဓိက အကျိုးစီးပွားနှင့် ကမ္ဘာ့အသိုက်အဝန်း၏ လိုလားမှုပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်သီးဥပဒေပြုအမတ်များ က နှစ်စဉ်ကျင်းပသည့်အစည်းအဝေးမတိုင်မီ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မတ်လ ၄ ရက်နေ့က ပေကျင်းရှိ Great Hall တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနား၌ တရုတ်နိုင်ငံက မည်သည့်အခါတွင်မှ မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံအတိုင်းကျင့်သုံးရန် အခြားနိုင်ငံများကို မိတ်ဆက်ခြင်းမျိုးမရှိခဲ့ကြောင်း၊
ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ) အမျိုးသားပြည်သူ့ကွန်ဂရက်မှ ပြောရေးဆိုခွင့်ရှိသူက မတ်လ ၅ ရက်နေ့တွင်ကျင်းပမည့် တရုတ်အမျိုးသားညီလာခံ တွင် ဆွေးနွေးကြမည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍သတင်းစာရှင်းလင်းပွဲ ကျင်းပသည့်မြင်ကွင်းအပြည့်အစုံကိုအောက်ပါလင့်ခ်မှတစ်ဆင့်တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။(Xinhua)
ဆိုးလ် ၊ မတ် ၄ ရက် (ဆင်ဟွာ) တောင်ကိုရီးယား နိုင်ငံ သမ္မတ အိမ်တော် (အိမ်ပြာတော်) က တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် ၏ အထူးကိုယ်စားလှယ် အဖွဲ့သည် မတ်လ ၅ ရက်နေ့ မှ စတင်၍ မြောက်ကိုရီးယား နိုင်ငံ...
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ဓနုဖြူမြို့နယ်၊ ရန်ကုန်-ဟင်္သာတကားလမ်း မိုင်တိုင် (၁၃/၇)နှင့်(၁၄/ဝ)ကြား၌ မတ်လ ၃ရက်နေ့ ည ၈နာရီကျော်တွင် ယာဉ်တိုက်မှုဖြစ်ကာ ၇ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။