ဆိုးလ် ၊ မေ ၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်း၌ ဝန်ချီစက်(ကရိန်း) ပြိုကျမှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း Yongap သတင်းဌာနက ယနေ့(မေလ ၁ ရက်)တွင် သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန်၊ မေ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံမှ ခေါင်းဆောင်များနှင့် ဧပြီလ ၃၀ ရက်က တယ်လီဖုန်းဖြင့် သီးခြားစီ စကားပြောဆိုခဲ့ရာတွင် အရှေ့တောင်အာရှ နိုင်ငံများအပေါ် ထားရှိသည့် အမေရိကန်နိုင်ငံ၏ ကတိကဝတ်အား ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။
ခတ္တမန္ဒူ၊ မေ ၁ ရက် (ဆင်ဟွာ) ဆွစ် စက်ရုပ်လူသားဟု လူသိများသော နာမည်ကျော် ဆွစ် တောင်တက်သမား ယူအီလီ စတက်ခ်သည် ဧပြီလ ၃၀ ရက်က Nuptse တောင်ခြေရင်းတွင် ပြုတ်ကျသေဆုံးခဲ့ကြောင်း နီပေါ တာဝန်ရှိသူများနှင့် တောင်တက် အဖွဲ့ ကုမ္ပဏီက ပြောြ့ားခဲ့သည်။
လော့စ်အိန်ဂျလိစ် ၊ မေ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုမြို့၌ ဧပြီ ၃ဝ ရက် ညပိုင်းက ဘီယာမူးနေသော သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် သေနတ်သမားမှာ ရဲတပ်ဖွဲ့၏ လက်ချက်ဖြင့် သေဆုံးသွားကြောင်း KFMB-ရုပ်သံက သတင်းဖော်ပြခဲ့သည်။
ပြုံယမ် ၊ မေ ၁ ရက် ၉(ဆင်ဟွာ) နျူကလီးယားပစ်ခတ်နိုင်ရန် တောင်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်နေခြင်းသည် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုဖြစ်ပေါ်စေသည့် အဓိကအရင်းအမြစ်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ဧပြီလ ၃ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။