Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တောင်ကိုရီးယားအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲသို့ စေလွှတ်မည်

တောင်ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၉ရက်က ကျင်းပခဲ့သော ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံသည် ၂၃ကြိမ်မြောက် တောင်ကိုရီးယား ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲသို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံသို့ အကြောင်းကြား အသိပေးခဲ့သည်ကို တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင်ဖော်ပြခဲ့သည်။

အာဏာရပါတီ ဖြစ်သော ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ Kim Yong Chol ဦးဆောင်သော မြောက်ကိုရီးယားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သည် တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ပြုံချန်းစီရင်စု တွင် ကျင်းပရန် စီစဉ်ထားသော ပိတ်ပွဲအခမ်းအနား စတင်မည့် ဖေဖော်ဝါရီ ၂၅ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ ၃ရက်တာ ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း သိရသည်။

အဖမြေ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကော်မတီ ဥက္ကဋ္ဌ Ri Son Gwon သည် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် Kim နှင့် အတူလိုက်ပါလာမည်ဖြစ်ပြီး အခြား ထောက်ပံ့ရေးဝန်ထမ်း ၆ဦးလည်း လိုက်ပါလာမည်ဖြစ်ကြောင်း မြောက်ကိုရီးယား ဘက်မှ အစောပိုင်းတွင်ပေးပို့သော အကြောင်းကြားစာအရ သိရသည်။

မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲသည် အနောက်ပိုင်းဒေသရှိ ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ကို ဖြတ်ကျော်၍ တောင်ကိုရီးယားနိုင်ငံ တွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဋ္ဌာနက မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခြင်းသည် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာရန်၊ နျူကလီးယားလက်နက် ကင်းစင်ရန် တို့ အပါအဝင် ကိုရီးယားကျွန်းဆွယ်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ် ကို ပိုမိုတိုးတက်မှုရှိစေရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.