Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲပြီးနောက် လေဆိပ်ပိတ်ထား၊ လေကြောင်းခရီးစဉ်များ သတိပေးချက် ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံရှိ Sinabung မီးတောင် ပေါက်ကွဲနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းရှိ Sinabung မီးတောင်ဝန်းကျင်၌ သတိပေးချက် အမြင့်ဆုံး ထုတ်ပြန်ထားပြီး Aceh ပြည်နယ်ရှိ လေဆိပ်ကိုလည်း ပိတ်ထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းတွင် လေဆိပ်နှင့် အနီးတဝိုက်၌ သတိပေးချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် Bambang Ervan က ပြောကြားခဲ့သည်။

“Sinabung မီးတောင်ပေါက်ကွဲပြီး ထွက်လာတဲ့ ချော်ပြာများကြောင့် Kutacane မြို့ရှိ Alas လေဆိပ်ကို ပိတ်ထားဖို့ လေကြောင်း သတိပေးချက် (Notam) က ဖေဖော်ဝါရီလ ၂၀ ရက်က ထုတ်ပြန်ထားပါတယ်” ဟု Bambang Ervan က ဆင်ဟွာသို့ တယ်လီဖုန်းက တစ်ဆင့် ပြောကြားခဲ့သည်။

မီးတောင် ချော်ပြာများသည် Aceh ပြည်နယ်သို့ ဦးတည်နေသော်လည်း ဆူမတြားပြည်နယ် မြောက်ပိုင်းရှိ Kualanamy နိုင်ငံတကာ လေဆိပ်ရှိ လေကြောင်း ပျံသန်းမှုများအပေါ် အနှောင့်အယှက်မဖြစ်နိုင်ကြောင်း အထက်ပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆူမတြားကျွန်းရှိ Sinabung မီးတောင်သည် ဖေဖော်ဝါရီလ ၂၀ ရက်က ပေါက်ကွဲခဲ့ပြီး ချော်ပြာများအား ကောင်းကင်ယံ ၅ ကီလိုမီတာခန့်သို့ ထုတ်လွှတ်ခဲ့ပြီး ချော်ရည်ပူများသည် မီးတောင်ဝ၏ အရှေ့တောင်ဘက် ၄.၉ ကီလိုမီတာသို့ လည်းကောင်း၊ မီးတောင်ဝ၏ အရှေ့ ၃.၅ ကီလိုမီတာသို့ လည်းကောင်း စီးကျနေကြောင်း အမျိုးသား မီးတောင်ဆိုင်ရာ အေဂျင်စီအရ သိရသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူများ မရှိသေးကြောင်း၊ အသစ်ရွှေ့ပြောင်းခြင်း သို့မဟုတ် ကန့်သတ်ဇုန် တိုးချဲ့ခြင်းနှင့်ပတ်သက်၍ အေဂျင်စီက မှတ်ချက်ပြုထားခြင်း မရှိကြောင်း သိရသည်။

Sinabung မီးတောင်သည် ၂၀၁၀ ခုနှစ် ပေါက်ကွဲမှု မတိုင်မီ ရာစုနှစ် လေးခုခန့် ငြိမ်သက်နေခဲ့သည်။ ထို မီးတောင်သည် ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် ပေါက်ကွဲခဲ့ပြီး လူ ၂၅ ဦး သေဆုံးကာ ၃၀၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ရှင် ၁၂၉ ခု ရှိပြီး Sinabung မီးတောင်သည် လက်ရှိ ပေါက်ကွဲလျက်ရှိသည့် မီးတောင် သုံးခုအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.