ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) အကောက်ခွန်ဦးစီးဌာနမှ လေးရက်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၁၈ဝ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်သည်။
ကဘူးလ်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ရှိ တရားရုံးချုပ် ဂိတ်ပေါက်တွင် ဖေဖော်ဝါရီ ၇ ရက်က အသေခံဗုံးဖောက်ခွဲခဲ့၍ လူ ၁၃ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း အကြီးတန်း ရဲအရာရှိ Faridon Abidi ကပြောကြားခဲ့သည်။
ကူမင်း ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေး နှင့် ကာကွယ်ရေး ဝန်ကြီးဌာန တို့မှ (၂+၂) အဆင့်မြင့် အရာရှိ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့က တရုတ် နိုင်ငံ ယူနန် ပြည်နယ် ကူမင်း မြို့တွင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံပြည်တွင်း တွင် ယခုနှစ် နှစ်လတာအတွင်း ယနေ့အထိ အသေးစားငလျင် ၆ ကြိမ် နှင့်အထက်လှုပ်ရှားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဦးစီးအရာရှိ ဦးဇော်မင်းက ဆင်ဟွာကိုပြောသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် သီရိလင်္ကာနိုင်ငံသမ္မတ Maithripala Sirisena တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၆ဝ ပြည့် အခမ်းအနားသို့ ဂုဏ်ပြုစကား အသီးသီးဆိုခဲ့ကြောင်း သိရသည်။