Connect with us

Politics, Law & Military

မူဆယ်-နမ့်ခမ်းသွားကားလမ်းမကြီးဘေး၌ ရှေ့ထွက်မိုင်းနှစ်လုံးတွေ့ရှိ

ရှေ့ထွက်မိုင်းနှစ်လုံးတွေ့ရှိရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

နမ့်ခမ်းမြို့နယ် မူဆယ်-နမ့်ခမ်းသွားကားလမ်းမကြီးဘေး၌ ရှေ့ထွက်မိုင်းနှစ်လုံးတွေ့ရှိခဲ့ကြောင်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့ နယ်၊ နောင်လောင်းကျေးရွာအနီးရှိ ကားလမ်း ဘေး၌ မိုင်းများတွေ့ရှိကြောင်း သတင်းအရ ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မ တော်စစ်ကြောင်းက သွားရောက်စစ်ဆေးရာ နောင်လောင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ မူဆယ်-နမ့်ခမ်း သွား ကားလမ်းမကြီးဘေး ၈ ပေခန့်အကွာ ၌ ထောင်ထားသော အလျား ၈ လက်မ၊ အနံ ၄ လက်မခန့်ရှိ ရှေ့ထွက်မိုင်းနှစ်လုံး အား ဆက်စပ်ပစ္စည်းများနှင့်အတူ ရှာဖွေတွေ့ရှိ သဖြင့် သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်း များအား ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.