ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တိုင်းပြည် မငြိမ်းချမ်း၍ ဖွံ့ဖြိုးရေးကို အင်တိုက်အားတိုက် မလုပ်ဆောင်နိုင်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
စင်ကာပူ ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) အမေရိကန်ရေတပ်မှ ဖျက်သင်္ဘော USS John S.McCain သည် ရေနံတင်သင်္ဘောတစ်စင်းနှင့် ခေါင်းချင်းဆိုင်တိုက်မိပြီးနောက် စင်ကာပူနိုင်ငံ၏ ချန်ဂီရေတပ်အခြေစိုက်စခန်းသို့သြဂုတ်လ ၂၁ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာကြောင်း သိရသည်။ ၎င်းသင်္ဘောတိုက်မှုကြောင့် ဖျက်သင်္ဘောမှ သင်္ဘောသား ၁ဝ ဦး ပျောက်ဆုံးလျက်ရှိပြီး...
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) နှစ်ဆယ့်ကိုးကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတွင် ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် ကျင်းပသော အမျိုးသားဘောလုံးအုပ်စု A ပွဲစဉ်များ၌ အိမ်ရှင်မလေးရှားယူ-၂၂ အသင်းက မြန်မာယူ-၂၂ အသင်းကို သုံးဂိုး တစ်ဂိုးဖြင့်အနိုင်ရကာအကြိုဗိုလ်လုပွဲသို့နှစ်သင်းလုံးတက်ရောက်သွားပြီဖြစ်ကြောင်းသိရသည်။
တိုကျို ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံမြောက်ပိုင်း အကီတ (Akita)စီရင်စု ရှိ လူနေအဆောက်အအုံတစ်လုံး၌ ယနေ့(သြဂုတ်လ ၂၂ရက်) နံနက်အစောပိုင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး အခြား ၂ ဦးပျောက်ဆုံးလျက် ရှိကြောင်း ဒေသဆိုင်ရာ မီးသတ် နှင့် ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။