Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ အတွင်း စစ်ရေး ဆောင်ရွက်မှုများကို ရပ်တန့်ရန် အီရန် နိုင်ငံ က တူရကီ နိုင်ငံ အား ပြောကြား

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Bahram Qasimi အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က ဇန်နဝါရီ ၂၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် တူရကီ နိုင်ငံ အစိုးရ ၏ ဆီးရီးယား နိုင်ငံ Afrin မြို့ တွင် ဆောင်ရွက်နေသည့် စစ်ရေးဆောင်ရွက်မှုများကို ချက်ချင်း ရပ်တန့် စေလိုပြီး ဆီးရီးယား အရေး ပိုမို မဆိုးရွာ လာစေရန် အတွက် အီရန် နိုင်ငံ က တူရကီ နိုင်ငံ ၏ စစ်ရေး ဆောင်ရွက်မှုများ ကို အနီးကပ် စောင့်ကြည်နေကြောင်း ဖော်ပြထားသည်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Bahram Qasimi က အီရန် နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ အချုပ်အခြာအာဏာ အာမခံချက် ရရှိရန် နှင့် လေးစားမှု ရရှိရန် အတွက် ဆောင်ရွက်ရမည် ကို အမြဲပြောကြား ခဲ့ကြောင်း ၊ တူရကီ နိုင်ငံ အား သံတမန် နည်းလမ်းဖြင့် ဆီးရီးယား အရေး ဖြေရှင်းမည် ဆိုသည့် ကတိပြုချက် ကို လိုက်နာစေလိုပြီး အပြုသဘောဆောင်သည့် ရပ်တည်မှု ဖြင့် ရပ်တည်စေလိုကြောင်း ၊ အမေရိကန် နိုင်ငံ အပါအဝင် အချို့ နိုင်ငံများ၏ တာဝန်မယူမှု နှင့် ရန်လိုသည့် ဝင်ရောက်စွက်ဖတ်မှုများ က ဆီးရီးယား အရေး ပိုမို ဆိုးရွားလာခြင်း ၏ အဓိက အရင်းအမြစ် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ သည် ဇန်နဝါရီ ၂၀ ရက်နေ့ မှ စတင်၍ ဆီးရီးယား နိုင်ငံ မြောက်ပိုင်းရှိ Afrin မြို့ ကို စတင် တိုက်ခိုက်ခဲ့ပြီး ဆီးရီးယား Kurds လူထု ကာကွယ်ရေး လက်နက်ကိုင် တပ်ဖွဲ့ ကိုလည်း တိုက်ခိုက်မှုများ စတင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မှ စတင်၍ ရုရှား ၊ တူရကီ နှင့် အီရန် နိုင်ငံ တို့၏ တွန်းအားပေးမှုအောက်တွင် ဆီးရီးယား အရေး နှင့် သက်ဆိုင်သော နိုင်ငံ အသီးသီး က ကာဇက်စတန် နိုင်ငံ မြို့တော် တွင် ဆီးရီးယားအရေး အား နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အတွက် အစည်းအဝေး အကြိမ်ကြိမ် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.