Connect with us

Videos

အနာဂတ်တွင် အငှားယာဉ်ပျံ (Flying Taxi) များ ခေတ်စားလာတော့မည်လား

လာ့စ်ဗီးဂတ်စ်၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

Volocopter ဟုအမည်ပေးထားသည့် အငှားယာဉ်ပျံကို အမေရိကန်ပြည်ထောင်စု လာ့စ်ဗီးဂတ်စ်တွင် ကျင်းပသည့် ၂ဝ၁၈ ခုနှစ် အီလက်ထရောနစ်ပြပွဲ ၌မိတ်ဆက်ပြသခဲ့သည်။ ၎င်းမှာ လျှပ်စစ်ဓါတ်အားသုံးမောင်းနှင်ရသည့်ယာဉ်ပျံ ဖြစ်ပြီး Drone နည်းပညာကိုအသုံးပြုထုတ်လုပ်ထားကာ တစ်နာရီလျင် ၄၃ မိုင်အထိ မောင်းနှင်ပျံသန်းနိုင်သည်။ လူလိုက်ပါမောင်းနှင်နိုင်သကဲ့သို့ မောင်းသူမဲ့ယာဉ်အဖြစ်လည်းကောင်းစွာပျံသန်းနိုင်သည်။ ယခုပြသထားသည့် ယာဉ်ပျံမှာ ယခင်ထုတ်လုပ်ခဲ့သည့် VC200 အမျိုးအစားယာဉ်ပျံကို ထပ်မံမွမ်းမံထားသည့် volocopter 2X အမျိုးအစားယာဉ်ပျံဖြစ်ကြောင်းသိရသည်။ ကြာချိန် ၂၇ မိနစ်ခန့်ပျံသန်းနိုင်သည့် ထိုယာဉ်ပျံသည် အကွာအဝေးအားဖြင့် ၁၇ မိုင်ခန့်အထိ အများဆုံးရောက်ရှိပျံသန်းနိုင်မည်ဖြစ်ပြီး ခရီးသည် ၂ ဦးကိုတင်ဆောင်နိုင် ကာ ဘက်ထရီအားသွင်းစနစ်တပ်ဆင်ထားသောကြောင့် မိနစ်ပိုင်းအတွင်း ဘက်ထရီပြန်ဖြည့်နိုင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.