ပေကျင်း၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မြေးငယ် Arabella က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့်ဇနီးတို့အား တရုတ်မန်ဒရင်းဘာသာစကားဖြင့်နှုတ်ခွန်းဆက်သခဲ့ပြီး တရုတ်ဂန္တဝင်သီချင်းနှင့် တရုတ်ကဗျာတို့အား သီဆိုပြသည့် video ဖိုင်ကို ပေကျင်းရှိ တရုတ်ဧကရာဇ်နန်းတော်တွင် သမ္မတရှီ မှ လက်ဘက်ရည်ဖြင့် တည်ခင်းစဉ်တွင် သမ္မတထရမ့်မှ ပြသခဲ့ခြင်းဖြစ်သည်။ (Xinhua)
ပေကျင်း၊ နိုဝင်ဘာ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုဝင်ဘာလ ၉ ရက်နေ့က အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်နှင့် Great Hall ပြည်သူ့ခန်းမ၌ တွေ့ဆုံစဉ် သမ္မတထရမ့်၏ ယခု တရုတ်နိုင်ငံခရီးစဉ်မှာ သမိုင်းဝင်အောင်မြင်မှုတစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။ သမ္မတနှစ်ဦးတို့တွေ့ဆုံပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင် ရေးဆွေးနွေးနိုင်ခဲ့ကြကြောင်းသိရသည်။ (Xinhua)
ပေကျင်း၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သို့ ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်သည့် သမ္မတဒေါ်နယ်ထရမ့်နှင့်ဇနီးတို့အား တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ပြီးနောက် သမ္မတနှစ်ဦးတို့ ဂုဏ်ပြုတပ်ဖွဲ့အားကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အားတရုတ်ပြည်သူများကလည်း လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည်။ (Xinhua)
ပေကျင်း၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့်ဇနီးဖုန်းလိယွမ်က ပေကျင်းမြို့ရှိ တရုတ်ဧကရာဇ်များ၏ နန်းတော် (Forbidden City) တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဇနီး တို့အား လက်ဘက်ရည်ဖြင့်တည်ခင်းဧည့်ခံ ကြိုဆိုခဲ့ပြီးနောက် နန်းတော်ပြတိုက်များအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြသည်။ (Xinhua)
ပေကျင်း၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သို့ ၃ ရက်တာ ချစ်ကြည်ရေးခရီးအလည်အပတ်ရောက်ရှိနေသည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်တို့ ပေကျင်းရှိ Great Hall တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကိုတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ (Xinhua)