Connect with us

Science & Technology

သဘာဝပတ်ဝန်းကျင်အကျိုးပြု မော်တော်ယာဉ်များကို စိန်ခေါ်နေသည့် စွန့်ပစ်ဘက်ထရီများ

တရုတ်နိုင်ငံ ရှိ စွမ်းအင်သုံး မော်တော်ယာဉ် (NEV) တစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ (NEVs) ဈေးကွက် တိုးတက်ကြီးထွားလာခြင်း နှင့်အတူ ယခုအခါ တရုတ်နိုင်ငံသည်လည်း အကြီးဆုံးသော NEV ဘက်ထရီထုတ်လုပ်သူ ဖြစ်လာသည်ကို တွေ့ရပေမည်။ သို့သော် ယင်းအခွင့်အလမ်းသည် များပြားလာသော စွန့်ပစ်ဘက်ထရီများကို မည်ကဲ့သို့ ပြန်လည်သုံးစွဲမည်ဟူသော စိန်ခေါ်မှုတစ်ရပ်ကိုလည်း ဖြစ်လာစေပါသည်။

တရုတ်နိုင်ငံသည် ဘက်ထရီများကို ပြန်လည်သုံးစွဲရန်အတွက် စည်းမျဉ်းစည်းကမ်းများ နှင့် စီမံခန့်ခွဲမှုစနစ်ကို ရှာဖွေဖော်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။ စက်မှုလုပ်ငန်း နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီး Miao Wei က မော်တော်ယာဉ်ထုတ်လုပ်သူများ အနေဖြင့် ပြန်လည်သုံးစွဲမှုကိုပါ တာဝန်ယူပေးရမည့် ထုတ်လုပ်သူဆိုင်ရာ တာဝန်ယူမှု တိုးချဲ့အစီအစဉ်တစ်ခုကို တရုတ်နိုင်ငံက ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း မကြာသေးမီက ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးမော်တော်ယာဉ်များ (NEVs) ထုတ်လုပ်ရောင်းချမှု စုစုပေါင်းသည် ၂၀၂၀ခုနှစ်မတိုင်ခင် ၅သန်းအထိရောက်ရှိလာမည်ဟု ခန့်မှန်းရသည်။ ယင်းဘက်ထရီများ၏ ပျမ်းမျှသက်တမ်းသည် ၅နှစ်မှ ၈နှစ်ခန့်အထိဖြစ်၍ တရုတ်နိုင်ငံ၌ ၂၀၂၀ခုနှစ်တွင် စွန့်ပစ်ဘက်ထရီ အရေအတွက်သည် တန်ချိန်ပေါင်း ၂၅၀,၀၀၀ ခန့်ရှိလာမည်ဖြစ်ပြီး ၂၀၁၆ခုနှစ် ထက် အဆ၂၀နီးပါး တိုးပွားလာမည်ဖြစ်ကြောင်း Shenzhen အခြေစိုက် သုတေသနလုပ်ငန်းတစ်ခုဖြစ်သော Gao Gong စက်မှုလုပ်ငန်းအဖွဲ့အစည်းက ပြောကြားခဲ့သည်။

ဖျက်သိမ်းလိုက်သော ဘက်ထရီများအား သင့်လျော်သည့် နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါက ယင်းကိစ္စသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုရင်းမြစ်တစ်ခု အပါအဝင် စွန့်ပစ်ပစ္စည်းရင်းမြစ်များ ဖြစ်လာမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့မှုရှိပြီး ကုန်ကျစရိတ်သက်သာမှုရှိကာ ပြန်လည်အသုံးပြုနိုင်သော နည်းလမ်းတစ်ခုသည် NEV ထုတ်လုပ်ရေးလောကအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့သည်။

Tsinghua တက္ကသိုလ်၏ နျူကလီးယားနှင့် စွမ်းအင်သစ်နည်းပညာဋ္ဌာန မှ သုတေသီတစ်ဦး ဖြစ်သူ Xu Shengming က ဘက်ထရီများကို ပြန်လည်သုံးစွဲရန် အဓိက နည်းလမ်း ၂ခု ရှိကြောင်း၊ ပထမတစ်နည်းမှာ စွမ်းဆောင်ရည်ကျဆင်းလာသည့် ဘက်ထရီများကို အခြားသော လျှပ်စစ်စွမ်းအင်သိုလှောင်သည့်နေရာများ အတွက်သော်လည်းကောင်း၊ မြန်နှုန်းနိမ့် လျှပ်စစ်မော်တော်ယာဉ်များအတွက်သော်လည်းကောင်း ပြန်လည် အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ ဒုတိယနည်းအနေဖြင့် ဘက်ထရီများကို တစ်စစီဖြုတ်၍ အစိတ်အပိုင်းများကို ပြန်လည်သုံးစွဲခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘက်ထရီများအား ပြန်လည်ပြုပြင်သုံးစွဲခြင်းသည် ဈေးကွက်ကြီးတစ်ခုဖြစ်လာနိုင်ကြောင်း သိရသည်။ Xu က လက်ရှိ၌ ဘက်ထရီပြန်လည်သုံးစွဲရန်အတွက် နည်းပညာများ စုဆောင်းခြင်း နှင့် သုတေသနပြုလုပ်သည့် အဆင့်တွင်ရှိနေပြီး အနာဂတ်တွင် ပြန်လည်သုံးစွဲခြင်း နည်းပညာနှင့် ယင်းနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများက ကုမ္ပဏီများအကြား အဓိက ယှဉ်ပြိုင်မှုတစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အချို့သော NEV ထုတ်လုပ်ရေး ကုမ္ပဏီများ နှင့် ဘက်ထရီ ထုတ်လုပ်သူများသည် ပြန်လည်သုံးစွဲခြင်း နည်းပညာအတွက် တက်ကြွစွာ လုပ်ဆောင်နေကြပြီဖြစ်သည်။ BAIC မော်တော်ကားထုတ်လုပ်ရေး ၏ လက်ခွဲဖြစ်သော စွမ်းအင်သစ်သုံးမော်တော်ယာဉ်ထုတ်လုပ်ရေး BAIC BJEV ကားကုမ္ပဏီအား စွန့်ပစ်ဘက်ထရီများနှင့် တန်ဖိုးရှိသော သတ္တုများအား ရေရှည်တည်တံ့စွာ ထိန်းသိမ်းပြုပြင်နိုင်ရေးကို ဦးတည်၍ ဟဲပေပြည်နယ်တွင် ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သည်။

ဘက်ထရီထုတ်လုပ်သူဖြစ်သော CATL ကုမ္ပဏီသည် စနစ်တစ်ခုကို စတင်အကောင်အထည်ဖော်နေပြီး ယင်းစနစ်မှာ ဘက်ထရီ၏ စွမ်းရည်သည် မူလစွမ်းရည်၏ ၈၀ရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာပါက ယင်းဘက်ထရီအား ကုမ္ပဏီ၏ ဘက်ထရီစွမ်းအင်သိုလှောင်မှု စနစ်တွင် ပြန်လည်အသုံးပြုပြီးနောက် ၎င်းတို့အား တစ်စစီဖြုတ်ကာ ဘက်ထရီအသစ်များအတွက် လိုအပ်သည့် အစိတ်အပိုင်းများအဖြစ် ပြန်လည်သုံးစွဲခြင်းပင်ဖြစ်သည်။

အချို့သော NEV မော်တော်ယာဉ်ထုတ်လုပ်သူများ က ဘက်ထရီကိစ္စကို ကိုယ်တိုင်ဖြေရှင်းနိုင်သော်လည်း အတွေ့အကြုံ နှင့် နည်းပညာ နည်းပါးသည့် ကုမ္ပဏီများအနေဖြင့် ကျွမ်းကျင်မှုှရှိသော ဘက်ထရီပြန်လည်အသုံးပြုခြင်းဆိုင်ရာ ကုမ္ပဏီများထံ အပ်နှံ၍ ဖြေရှင်းလေ့ရှိကြသည်။

Shenzhen အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သော GEM ကုမ္ပဏီသည် ဘက်ထရီများ ပြန်လည်သုံးစွဲနိုင်ရန် အတွက် တာဝန်ယူဆောင်ရွက်ပေးပြီး NEV မော်တော်ယာဉ်ထုတ်လုပ်သူများဖြစ်သော BYD နှင့် Dongfeng ကုမ္ပဏီတို့ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

GEM ကုမ္ပဏီ ဒုတိယအထွေထွေမန်နေဂျာ Zhang Yuping က ကုမ္ပဏီတွင် တရုတ်နိုင်ငံ ၏ အကြီးဆုံးသော ဘက်ထရီဖျက်သိမ်းသည့် စနစ်ရှိပြီး လက်ရှိတွင် ဘက်ထရီပြန်လည်သုံးစွဲမှုလုပ်ငန်းစဉ်အတွက် လိုင်စင် ၈၃ခုကို လျှောက်ထားခဲ့ပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။

သုတေသီ Xu Shengming က NEV မော်တော်ယာဉ်သုံး ဘက်ထရီများ တွင် အလွန်အရေးကြီးသည့် မဟာဗျူဟာမြောက် အရင်းအမြစ်များဖြစ်သော ကိုဗော့၊ နီကယ်၊ လီသီယမ် နှင့် အခြား သတ္တုပစ္စည်းများ ပါဝင် နေကြောင်း ပြောကြားခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံ သည် ကိုဗော့ ၈၀ရာခိုင်နှုန်း၊ နီကယ် နှင့် လီသီယမ် ၇၀ ရာခိုင်နှုန်းရရှိရန် သွင်းကုန်များအပေါ်တွင်သာ မှီခိုနေရကြောင်းသိရသည်။

Xu က NEV စက်မှုလုပ်ငန်း လျင်မြန်စွာ တိုးတက်လာခြင်းသည် တရုတ်နိုင်ငံ၌ ကိုဗော့သတ္ထု လိုအပ်ချက်များပြားမှုကို ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

Zhang Yuping က စွန့်ပစ်ဘက်ထရီများကို တစ်စစီ ဖြုတ်၍ ခွဲခြမ်းစိတ်ဖြာခြင်း၊ သန့်စင်ခြင်း၊ ရောစပ်ခြင်း စသည့် ရှုပ်ထွေးသော လုပ်ငန်းစဉ်များကို ပြုလုပ်ပြီးနောက် နီကယ်၊ ကိုဗော့နှင့် အခြားသတ္တုများကို စစ်ထုတ်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက GEM ကုမ္ပဏီသည် နှစ်စဉ် ကိုဗော့ တန်ချိန် ၅,၀၀၀ကျော် ပြန်လည်ထုတ်ယူနိုင်ခဲ့ကြောင်း နှင့် အနာဂတ်တွင် ယင်းစနစ်သည် ကိုဗော့သတ္တု ရရှိရန် အဓိက ရင်းမြစ်တစ်ခု ဖြစ်လာမည်ဟု ဆိုသည်။

သို့သော် Zhang က ပြန်လည်အသုံးပြုမှု လုပ်ငန်းစဉ်များ နှင့် စနစ်များသည် ပြီးပြည့်စုံမှုမရှိသေးသော်လည်း ကုမ္ပဏီသည် နည်းပညာပိုင်းအား ဆက်လက် မြှင့်တင်ပြီး ပြန်လည်သုံးစွဲမှုအတွက် အောင်မြင်သည့်ပုံစံများကို ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အင်ဂျင်နီယာအကယ်ဒမီမှ ပညာရှင်တစ်ဦးဖြစ်သူ Zhen Mianping က အကျိုးရှိသည့် ပြန်လည်သုံးစွဲမှုစနစ်သည် ဂေဟစနစ် နှင့် သဘာဝပတ်ဝန်းကျင်ကို ကောင်းကျိုးများဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့သည်။

သတ္ထုကုန်ကြမ်းများအား တူးဖော်ခြင်းနှင့် နှိုင်းယှဉ်ပါက သတ္တုများကို ပြန်လည်ထုတ်ယူသုံးစွဲခြင်းက စွမ်းအင်သုံးစွဲမှုကို လျော့ကျစေပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့နည်းစေကြောင်း နှင့် တရုတ်နိုင်ငံအနေဖြင့် ဘက်ထရီပြန်လည်သုံးစွဲမှုအတွက် သင့်တော်သည့် မူဝါဒတစ်ခုကို ချမှတ်သင့်သည်ဟု ထင်မှတ်ပါကြောင်း Zhen ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117