ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ CSIS က ဆောက်လုပ်ပေးခဲ့သည့် နော်ဝေးနိုင်ငံရှိကမ္ဘာ့ပထမဆုံးအလိုအလျောက် ကမ်းလွန်ငါးဖမ်းစက်ရုံ မှာ အင်အားအလွန်ကြီးမားသည့် တိုင်ဖွန်းမုန်တိုင်းဒဏ်ကိုပင်ခံနိုင်ရည်ရှိစေရန် တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းအား နော်ဝေးနိုင်ငံသို့ ယခုနှစ်စက်တင်ဘာလက လွှဲပြောင်းပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် ငါးဖမ်းစက်ရုံမှတစ်ဆင့် ဆော်လမွန်ငါးကောင်ရေပေါင်း ၁.၁ မီလီယံကိုဖမ်းဆီးနိုင်ခဲ့သည်။(Xinhua)
ကွေ့ကျိုး၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွေ့ကျိုးတွင် မောင်းသူမဲ့ယာဉ်ပေါင်း ၁၁၈ဝစင်း ဖြင့် တရုတ်စာလုံးများ၊ အင်္ဂလိပ်စာလုံးများနှင့် ကောင်းကင်ပုံရိပ်ဖော်ခြင်းများကို ညီညီညာညာဖြင့် ရင်သပ်ရှုမောဖွယ်ပုံဖော်ခဲ့သည်။ မောင်းသူမဲ့ယာဉ်စုစုပေါင်း ၁၁၈ဝ စင်းဖြစ်ပြီး ၎င်းတို့တစ်စင်းချင်းစီ၏ အလေးချိန် မှာ ၁တန်ကျော်ရှိကာ ၎င်းတို့အားလုံးကို ကွန်ပျူတာတစ်လုံးနှင့် အင်ဂျင်နီယာ တစ်ဦးထဲမှ ထိန်းချုပ်မောင်းနှင်ပုံဖော်ခြင်းဖြစ်သည်။ (Xinhua)
နယူးယောက် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ယခုနှစ်ဆောင်းရာသီ၏ ပထမဆုံး ဆီးနှင်းများ ကျဆင်းခဲ့သည့်အလှအပမြင်ကွင်းများကိုဆင်ဟွာသတင်းဋ္ဌာနမှ ရိုက်ကူးတင်ဆက်ထား ခြင်းဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ မှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် သတ်မှတ်အရှိန်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၂၁,၂၅၂ စီးတို့အား ဖမ်းဆီး အရေးယူခဲ့ပြီး ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန...
ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) လူသားမျိုးနွယ်စုအားလုံး၏ ရှေးအကျဆုံးဖြစ်သောရုပ်ကြွင်းကို တောင်အာဖရိကတိုက်ရှိ ဂျိုဟန်နက်စ်ဘာ့ဂ်ရှိ တက္ကသိုလ်တွင် ပြသထားကြောင်းသိရသည်။ ၁၉၉၄ ခုနှစ်တွင် သေးငယ်သောခြေထောက်အရိုးရုပ်ကြွင်းငယ်ကလေးများကိုတူးဖော်ရရှိခဲ့ရာမှတစ်ဆင့် အဆိုပါ ရုပ်ကြွင်းကို little foot ဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။ သက်တမ်းအားဖြင့် လွန်ခဲ့သည့် နှစ် သန်းပေါင်း ၃ သန်းကျော်ခန့်ကဟုယူဆရဖွယ်ရှိကာ အဆိုပါ...