Connect with us

Videos

လူသားမျိုးနွယ်စုအားလုံး၏ ရှေးအကျဆုံးဖြစ်သောရုပ်ကြွင်းပြသထား

ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) လူသားမျိုးနွယ်စုအားလုံး၏ ရှေးအကျဆုံးဖြစ်သောရုပ်ကြွင်းကို တောင်အာဖရိကတိုက်ရှိ ဂျိုဟန်နက်စ်ဘာ့ဂ်ရှိ တက္ကသိုလ်တွင် ပြသထားကြောင်းသိရသည်။ ၁၉၉၄ ခုနှစ်တွင် သေးငယ်သောခြေထောက်အရိုးရုပ်ကြွင်းငယ်ကလေးများကိုတူးဖော်ရရှိခဲ့ရာမှတစ်ဆင့် အဆိုပါ ရုပ်ကြွင်းကို little foot ဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။ သက်တမ်းအားဖြင့် လွန်ခဲ့သည့် နှစ် သန်းပေါင်း ၃ သန်းကျော်ခန့်ကဟုယူဆရဖွယ်ရှိကာ အဆိုပါ ရုပ်ကြွင်းမှာ Australopithecus (လူဝံ) မျိုးစိတ်အတွင်းပါဝင်ပြီး ၁၉၉၇ ခုနှစ်ကတည်းက တူးဖော်ရရှိခဲ့ခြင်းဖြစ်သည်။ အနှစ် ၂ဝ အကြာတွင် အဆိုပါ လူသားမျိုးနွယ်၏ အစ လူဝံ၏ အရိုးစုအား လေ့လာနိုင်ရန်ပြသထားခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.