Connect with us

Politics, Law & Military

အမြန်လမ်းတွင် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်အစီးရေ ၂၁,၀၀၀ ကျော် အရေးယူခဲ့

အမြန်လမ်းအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ မှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် သတ်မှတ်အရှိန်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၂၁,၂၅၂ စီးတို့အား ဖမ်းဆီး အရေးယူခဲ့ပြီး ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ထို့ပြင် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၀၈း၀၀ နာအချိန် မှ ၁၀ ရက်နေ့ ညနေ၁ရး၀၀ နာရီ အချိန်ထိ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၂၀၁) နေပြည်တော် တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်သည့် မော်တော်ယာဉ် ၂၅ စီး၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်၌ မော်တော်ယာဉ် ၂၄ စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၁၄ စီး၊ ဖြူးမြို့နယ်(၁၁၅)မိုင် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၂၈ စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၆ စီး၊ စုစုပေါင်း ၉၇ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲ တင်ပို့သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.