နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတ အရည်အချင်းသတ်မှတ်သည့် ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးရပ်နားချိန်တွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်တောက်ထွန်းက ပြောကြားသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေများ အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းနှင့် ရုပ်သိမ်းခြင်းများပြုလုပ်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလေးထားဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာပေးပို့လိုက်သည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး၊ ၎င်းအစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့နယ်ကိုယ်စားလှယ် ဦးတင်မောင်ထွန်း ၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ကမာရွတ်မြို့နယ် ကိုယ်စားလှယ် ဦးလင်းနိုင်မြင့်တ့ိုကို ရွေးချယ်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ဒုတိယ သမ္မတလောင်းများ အမည်စာရင်းအဆိုပြုရမည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ၏ အစုအဖွဲ့လိုက်အစည်းအဝေးများကို မတ်လ ၁၇ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် သတ်မှတ်ကြေညာလိုက်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ခန်းမဆောင်တွင် စတင်ကျင်းပလျက်ရှိသည်။