Connect with us

Africa & Middle East

ယီမင် နိုင်ငံ မြို့တော် Sana’a တွင် ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှုကြောင့် သေဆုံးသူပေါင်း ၂၃၄ ဦး အထိ ရောက်ရှိလာ

ယီမင် နိုင်ငံ မြို့တော် Sana'a ရှိ နေအိမ်များ ပျက်စီး နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်း အရှေ့အလယ်ပိုင်း ဒေသ လုပ်ငန်းကော်မတီ ဒါရိုက်တာ Robert Mardini က ယီမင် နိုင်ငံ မြို့တော် Sana’a တွင် ဖြစ်ပွား ခဲ့သည့် စစ်ရေးတိုက်ခိုက်မှုကြောင့် သေဆုံးသူပေါင်း ၂၃၄ ဦး အထိ ရောက်ရှိလာခဲ့ပြီး လူပေါင်း ၄၀၀ ခန့်ဒဏ်ရာရရှိခဲ့ရာတွင် ၃၈၃ ဦးမှာ ဒဏ်ရာ အလွန်ပြင်းထန်ကြောင်း ဒီဇင်ဘာ ၅ ရက်နေ့၌ ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသား ဖော်ပြ ခဲ့သည်။

Robert Mardini က ၎င်း၏ တွစ်တာ စာမျက်နှာ တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်း အနေဖြင့် အသတ်နိုင်ဆုံးသော နည်းလမ်းများဖြင့် ယင်းဒေသ သို့ ဆေးဝါးဆိုင်ရာ ပစ္စည်းများ ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများ နှင့် လောင်စာဆီများ ကို ပို့ဆောင်ပေးနေကြောင်း ရေးသား ဖော်ပြ ခဲ့သည်။

နိုဝင်ဘာ ၂၉ ရက်နေ့၌ Houthis လက်နက်ကိုင် တပ်ဖွဲ့ နှင့် သမ္မတဟောင်း အလီအဗ္ဗဒူလာဆာလတ် ၏ တပ်ဖွဲ့ တို့သည် ယီမင် နိုင်ငံ မြို့တော် တွင် တိုက်ပွဲစတင် ဖြစ်ပွား ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်နေ့ တွင် တိုက်ပွဲ အခြေအနေ ပိုမို မြင့်တက် လာခဲ့ကာ သမ္မတဟောင်း က ပြည်သူများပါ အတူတကွ Houthis လက်နက်ကိုင် တပ်ဖွဲ့ အား ခုခံတိုက်ခိုက်ရန် တိုက်တွန်း ခဲ့သည်။ သမ္မတဟောင်း ၏ သဘောထား ရပ်တည်မှု သည် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့ နှင့် ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိမ်းရှောင် နေသော ယီမင် နိုင်ငံ သမ္မတ တို့၏ ထောက်ခံအားပေးမှု ကိုလည်း ရရှိခဲ့သည်။

ဒီဇင်ဘာ ၄ ရက်နေ့၌ ယီမင် နိုင်ငံ သမ္မတဟောင်း အလီအဗ္ဗဒူလာဆာလတ် သည် Houthis လက်နက်ကိုင် တပ်ဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် သေဆုံး ခဲ့ရပြီး သမ္မတဟောင်း ဦးဆောင်သည့် အမျိုးသားပြည်သူ့ညီလာခံ ပါတီ ဒုတိယ အထွေထွေ အတွင်းရေးမှူး သည်လည်း တိုက်ခိုက်မှုကြောင့် သေဆုံး ခဲ့ရသည်။ ထို့နောက်တွင် အမျိုးသားပြည်သူ့ညီလာခံ ပါတီ က Houthis လက်နက်ကိုင် တပ်ဖွဲ့ အား လက်တုံ့ပြန်မည် ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပြီး လက်ရှိချိန်ထိ နှစ်ဘက်သော တပ်ဖွဲ့ တို့မှာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေကြောင်း သိရှိခဲ့ရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် Houthis လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် ယီမင် နိုင်ငံ တောင်ပိုင်း ဒေသ ကို သိမ်းပိုက် ခဲ့သဖြင့် သမ္မတ Abdrabbuh Mansur Hadi မှာ ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် Houthis လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)