နေပြည်တော် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက်(NPC) တိဘက် ကိုယ်စားလှယ်အဖွဲ့၏ မြန်မာ နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီးစဉ်သည် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ တိဘက် ကိုယ်စားလှယ် အဖွဲ့၏ချစ်ကြည်လည်ပတ်ရေး ခရီးစဉ်အတွင်း...
ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) မြန်မာ နိုင်ငံ ဒေသ အသီးသီး ရှိ ကျောင်းသူ/သား များအား ပညာသင်ဆု ငွေကျပ် သိန်းပေါင်း (၁၃၆၀)ကို ပေးအပ်လှူဒါန်းသည့် “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” ပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့ တွင်...
ရာမာလာ ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့(PNA) က နိုဝင်ဘာလ ၉ ရက်တွင်ကျရောက်သော ၁၂ နှစ်မြောက် ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ် ကွယ်လွန်ခြင်း အထိမ်းအမှတ် အောက်မေ့ဖွယ်နေ့တွင် ယာဆာအာရာဖတ်ပြတိုက်ကို ရာမာလာမြို့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၈ ရက်တွင် ကြေညာခဲ့သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် လက်ရှိ သုံးစွဲနေသည့် ငွေကြေး ရူပီး ၅၀၀ တန်နှင့် ၁၀၀ တန်တို့အား နိုင်ငံ၏ ငွေကြေး လည်ပတ်မှု စနစ်မှ ရုပ်သိမ်းတော့မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက နိုဝင်ဘာလ ၈ ရက်တွင် ကြေညာလိုက်သည်။
အဘူဂျာ၊ နိုဝင်ဘာ ၉ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ်ရှိ အလုပ်ခွင်တစ်ခု တွင် လုပ်ကိုင်နေသည့် မိုင်းလုပ်သား ၄၀ဦးထက်မနည်း အသတ်ခံရသည့်ဖြစ်ရပ်အား နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့က စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ က နိုဝင်ဘာ ၈ရက် တွင်ပြောကြားခဲ့သည်။