Connect with us

Politics, Law & Military

ပစ္စတိုသေနတ်တစ်လက် နှင့် အတူမူးယစ်ဆေးဝါးကျပ်သိန်း၄၅၀ ကျော် တင်ဆောင်ထားသည့်မော်တော်ယာဉ်တစ်စီးသိမ်းဆည်းရမိ

ပစ္စတိုသေနတ်တစ်လက် နှင့် အတူဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ပစ္စတိုသေနတ်တစ်လက်နှင့်အတူကာလတန်ဖိုး ကျပ်သိန်း ၄၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများတင်ဆောင်ထားသည့်မော်တော်ယာဉ်တစ်စီးသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာကရင်ပြည်နယ်၊လိပ်သိုမြို့ရှိလိပ်သိုယာဉ်စစ်ဆေးရေးဂိတ်၌တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအားစစ်ဆေးစဉ်စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့် တွင် ကလေထဘက်မှ တောင်ငူဘက်သို့မောင်းနှင်လာသည့် CALDINA အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN/3F—-အားစစ်ဆေးရန် ရပ်တန့်စေသော်လည်းရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့်လိုက်လံဖမ်းဆီးခဲ့ရာ သံတောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀၀ခန့်အကွာရှိ လမ်းဘေး၌ရပ်တန့်ထားသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါယာဉ်အားစစ်ဆေးရာ ယာဉ်မောင်းဖြစ်သူကိုမတွေ့ရှိရဘဲ ယာဉ်ရှေ့ခန်းမှပစ္စတိုတစ်လက်၊ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၅၂၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆ သိန်းခန့်)တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိယာဉ်၊ လက်နက်နှင့်မူးယစ်ဆေးဝါးများအား လိပ်သိုမြို့နယ်၊ ရဲစခန်းသို့စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.