လော့စ်အိန်းဂျလိစ် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့တွင် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ထရပ်ကားတစ်စီးသည် ကော်ရိုနာဒို တံတားပေါ်မှ တံတားအောက်ရှိ လူအုပ်ထဲသို့ပြုတ်ကျမှု ဖြစ်ပွားခဲ့ရာ လူလေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရ သွားကြောင်း သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ ဂိုအာမြို့သို့ ယနေ့ အောက်တိုဘာ ၁၆ရက် နံနက် ၈နာရီခွဲတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဟွာဝေး (Huawei) ကုမ္ပဏီသည် သီတင်းကျွတ် ကာလအတွင်း ရန်ကုန် ၊ မန္တလေးနှင့် ပြည်မြို့များရှိ မိဘမဲ့ကလေးကျောင်းများ ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာများ ၊ မသန်စွမ်းကျောင်း နှင့် အခြား လိုအပ်ချက်များ ရှိသည့်...
ဂိုအာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၈ ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒ္ဒြာ မိုဒီတို့သည် အောက်တိုဘာလ ၁၅ ရက်က နှစ်နိုင်ငံ ဆက်ဆံရေးအတွက်...
ဂိုအာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် BRICS ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂိုအာပြည်နယ်သို့ အောက်တိုဘာလ ၁၅ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။