Connect with us

Education & Health

အာဆီယံစံနှုန်းနှင့်အညီ အလှကုန်ပစ္စည်းများ ထုတ်လုပ်ရမည်

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းတချို့ အားကြေညာထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ပြည်သူများ ဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးကောင်းမွန်သော အလှကုန်ပစ္စည်း များ သုံးစွဲနိုင်ရေးအတွက် ပြည်တွင်းအလှကုန်ထုတ်လုပ်သူများအနေဖြင့် အာဆီယံ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ရန်လိုအပ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်၌ပြုလုပ်သော (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံအလှကုန်အသင်း လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က

အလှကုန် တင်သွင်းဖြန့်ချိသူများအနေဖြင့်လည်း မိမိတို့ တင်သွင်းဖြန့်ချိ ထားသော အလှကုန်ပစ္စည်းများကို ဈေးကွက်ထောက်လှမ်းစောင့်ကြည့်ရန် လို ကြောင်း၊ အရည်အသွေးမပြည့်မီသော ထုတ်ကုန်များကို ဈေးကွက်မှပြန်သိမ်းပေးရန် တာဝန်ရှိကြောင်း၊ ထုတ်လုပ်သူများအနေဖြင့်လည်း အလှကုန်ပစ္စည်းများတွင် ပါဝင် ရမည့် ကုန်ကြမ်းများ၊ ဆိုးဆေးသတ်မှတ်ချက်များ၊ တာရှည်ခံပစ္စည်းများကို အာဆီယံ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရန်လိုကြောင်း ဆက်လက်ပြောကြားသည်။

ယခုအခါ ပြည်တွင်းတွင် အလှကုန်ထုတ်လုပ်သူလုပ်ငန်းရှင် ၂၂ ဦးရှိကြောင်း သိရ သည်။ ထို့အတူ ပြည်တွင်း၌ ရောင်းချနေသော အလှကုန်များထဲတွင် တားမြစ် ဓာတု ဆေး အသုံးပြုထားသည့် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း ၅၃ ခုအထိ တွေ့ရှိ ထားကြောင်းလည်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.