ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) YBSယာဉ်များ မီးပွိုင့်များအနီးတွင် လူအတင်အချပြုလုပ်နေခြင်းများအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ အဝိုင်းပတ်စနစ်များအား ဖျက်သိမ်းသွားရန်အစီအစဉ်မရှိကြောင်း လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံတွင် ဒီဇင်ဘာလ ၁ ရက် နံနက်ပိုင်းက ပြင်းအား ၆.၀ ရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်း (USGS) က ပြောကြားခဲ့သည်။
ဆိုချီ ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် Shahid Khaqan Abbasi တို့သည် နိုဝင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းအချိန်တွင် ရုရှား နိုင်ငံ ဆိုချီမြို့ ၌...
နေပြည်တော်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ “Ease of Doing Business” တိုးတက် ကောင်းမွန်လာရေးအတွက် ပြုပြင်ပြောင်းလဲ မှုများတွင် ဝန်ထမ်းအားလုံးက အလေးထား ဆောင်ရွက်ကြစေလိုကြောင်း စီးပွား / ကူသန်း ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ယနေ့ပြောကြားခဲ့သည်။
ချီကာဂို၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြောက်အမေရိကတိုက်၏ ဆေးဝါးပညာရပ်ဆိုင်ရာ ဓါတ်ရောင်ခြည်ကုသမှု နှစ်ပတ်လည်ညီလာခံကို ၁ဝ၃ ကြိမ်မြောက်အဖြစ် အမေရိကန်ပြည်ထောင်စု၊ချီကာဂိုတွင်ကျင်းပလျက်ရှိသည်။ ဆေးသိပ္ပံပညာရှင်ပေါင်း ၅ သောင်းခွဲခန့်တက်ရောက်ကြသည့်အဆိုပါပွဲတွင် နိုင်ငံပေါင်း ၁၃ဝ နိုင်ငံမှ ဆေးပစ္စည်းထုပ်လုပ်ရေးလုပ်ငန်းရှင်များပါ လာရောက်ဆင်နွှဲခဲ့ကြသည်။ ထိုပွဲတွင် နောက်ဆုံးပေါ်ဆေးပညာဖွံ့ဖြိုးတိုးတက်မှုများနှင့်ဆေးဝါးကုသမှုနည်းလမ်းများကိုဖလှယ်ကြမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့အထိကျင်းပသွားမည်ဖြစ်သည်။(Xinhua)