နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ရန်ကုန်မြို့downtown ခြောက်မြို့နယ်အတွင်း ရေဆိုးသယ်ပိုက်များ အသစ်တပ်ဆင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။
ဆိုးလ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဆမ်ဆောင်း အီလက်ထရောနစ်က Galaxy Note 7 စမတ်ဖုန်းများအား ကမ္ဘာ့ဈေးကွက်မှ ပြန်လည် သိမ်းဆည်းခဲ့ရသော်လည်း တတိယ သုံးလပတ်၌ ၎င်းတို့၏ လုပ်ငန်း အမြတ်အစွန်းမှာ မြင့်တက်ခဲ့ကြောင်း ကုမ္ပဏီက အောက်တိုဘာလ ၇ ရက်က ပြောကြားခဲ့သည်။
နက်တယ် ၊အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) တိုက်စစ်မှူးနေမာ၏ သွင်းဂိုးတစ်ဂိုးနှင့်အတူ ဘရာဇီးအသင်းသည် ဘိုလီးဗီးယားအသင်းအား အောက်တိုဘာ ၆ရက်က ယှဉ်ပြိုင်ကစားခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၅ ဂိုး ဂိုးမရှိ ဖြစ် အနိုင်ရခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အုပ်ချုပ်ရေးကဏ္ဍ နှင့် တရားစီရင်ရေး ကဏ္ဍများတွင် ဝင်ရောက် မစွက်ဖက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော် ကိုယ်စားလှယ်များအား ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်း အဝေး ပြီးဆုံးသည့် ယနေ့အစည်းအဝေးတွင် မှာကြားခဲ့သည်။
ရာမာလာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ပါလက်စတိုင်းသမ္မတ Mahmoud Abbas သည် ၎င်း၏ရုံးခန်းအတွင်း မူးလဲသွားသဖြင့် အနောက်ဖက်ခြမ်း ဒေသ၊ ရာမာလာ မြို့ရှိ ဆေးရုံတစ်ခုသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ပြီး ယခုအခါတွင် ဆေးရုံမှပြန်လည် ဆင်းလာပြီဖြစ်ကြောင်း သိရသည်။