Connect with us

Africa & Middle East

ထရီပိုလီ ကမ်းရိုးတန်းအလွန်တွင် ရွှေ့ပြောင်းဒုက္ခသည်၁၃၄ ဦးကို လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့ ကယ်ဆယ်

မြေထဲပင်လယ်ကို ဖြတ်ကူး၍ ဥရောပနိုင်ငံများသို့ သွားရောက်ရန် ကြိုးစားနေသည့် ရွှေ့ပြောင်းဒုက္ခသည်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ထရီပိုလို၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

လစ်ဗျားရေတပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ကမ်းခြေစောင့်တပ်ဖွဲ့သည် ထရီပိုလီကမ်းရိုးတန်း အလွန်တွင် ရာဘာလှေတစ်စီးပေါ်မှ ရွှေ့ပြောင်းဒုက္ခသည် ၁၃၄ဦးကို သြဂုတ် ၂၈ ရက်တွင် ကယ်ဆယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ Ayob Qasem က ရွှေ့ပြောင်းဒုက္ခသည်များတွင် အမျိုးသမီး ၂၀ ဦးပါဝင်ကြောင်း၊ ဒုက္ခသည်များသည် အာဖရိက နှင့် အာရပ်နိုင်ငံများမှဖြစ်ပြီး ၎င်းတို့အား ထရီပိုလီကမ်းရိုးတန်းမှ မိုင် ၂၀အကွာ တွင် ကယ်ဆယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Qasem က ရွှေ့ပြောင်းဒုက္ခသည်များအား ဆေးစစ်မှုများပြုလုပ်ပြီးနောက် ထရီပိုလီမြို့ရှိ ယာယီနေထိုင်ရေးစင်တာသို့ ခေါ်ဆောင်သွားကြောင်း ပြောကြားခဲ့သည်။

ရွှေ့ပြောင်းဒုက္ခသည်များသည် မြေထဲပင်လယ်ကို ဖြတ်၍ ဥရောပကမ်းခြေများသို့ သွားရောက်ရာတွင် လစ်ဗျားနိုင်ငံမှတစ်ဆင့် ဖြတ်ကျော်သွားကြကြောင်း သိရသည်။

လူကုန်ကူးသူများသည် လစ်ဗျားနိုင်ငံ ၏ အခြေအနေမတည်ငြိမ်မှု နှင့် လုံခြုံရေးကင်းမဲ့မှုတို့ကို အခွင့်ကောင်းယူ၍ ထောင်ပေါင်းများစွာသော ဒုက္ခသည်များကို ဟောင်းနွမ်းနေသော လှေများဖြင့် ပို့ဆောင်ခဲ့သဖြင့် ဒုက္ခသည်အများစုမှာ လမ်းခရီး၌ လှေတိမ်းမှောက်မှုများကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.