Connect with us

Politics, Law & Military

အရှေ့ဖျားဒေသ ဖံွံံ့ဖြိုးတိုးတက်မှု အစည်းအဝေးအတွက် တရုတ် ဒုတိယ ဝန်ကြီးချုပ် ဝမ်းယန် ရုရှားသို့ သွားမည်

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဝမ်းယန် (ယာ) နှင့် ရုရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Yury Trutnev တို့အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက်က တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဝမ်းယန်သည် တရုတ် အရှေ့မြောက်ပိုင်းဒေသနှင့် Baikal ဒေသဆိုင်ရာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တက်ရောက်ရန် လာမည့် သီတင်းပတ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က သြဂုတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ရုရှားနိုင်ငံတွင် စက်တင်ဘာလ ၄ ရက်မှ ၈ရက်ရှိနေစဉ်အတွင်း ဝမ်းသည် တရုတ်နှင့် ရုရှား အစိုးရ ခေါင်းဆောင်များအကြား ပုံမှန် အစည်းအဝေး ပူးတွဲ ကော်မရှင် ဥက္ကဋ္ဌများ အစည်းအဝေးနှင့် တတိယအကြိမ်မြောက် အရှေ့ပိုင်း စီးပွားရေးဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်း ဟွာက ဆိုသည်။

ဝမ်းသည် အဆိုပါ ခရီးစဉ်အား ရုရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်များဖြစ်သော Dmitry Rogozin နှင့် Yury Trutnev တို့၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.