လီမာ ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Sinopharm မှ ထုတ်လုပ်သော COVID-19 ရောဂါကာကွယ်ဆေးများသည် ဖေဖော်ဝါရီ ၂၄ ရက်၌ ဘိုလီးဗီးယားနိုင်ငံ အကြီးဆုံးစီးပွားရေးမြို့တော် Santa Cruz သို့ရောက်ရှိခဲ့ပြီး ဘိုလီးဗီးယားနိုင်ငံ သမ္မတ Luis Arce ၊ နိုင်ငံခြားရေးဝန်ကြီး Rogelio Mayta နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ၊ ဘိုလီးဗီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဟွမ်ယာကျိုး နှင့် Luis Arce အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် ဝမ်ကျားလေ တို့က လေဆိပ်တွင် ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

မနီလာ၊ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၆ သိန်းသည် တနင်္ဂနွေနေ့တွင် ဖိလစ်ပိုင်နိုင်ငံသို့ရောက်ရှိလာမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဂျကာတာ ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ၌ ကျောင်းဆရာဆရာမများ နှင့် စာသင်ကျောင်းဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို ဖေ‌ဖော်ဝါရီ ၂၄ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ဝန်ကြီးချုပ် Muhyiddin Yassinက ပထမဆုံး ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ကြောင်း သိရသည်။

ဆန်တိုဒိုမီနီဂို၊ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ဒိုမီနီကန်သမ္မတနိုင်ငံသည် တရုတ်နိုင်ငံ Sinovac ဆေးဝါးကုမ္ပဏီမှထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများကို ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းက လက်ခံရရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဒက်ကာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဆီနီဂေါနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း ပထမအဆင့်ကို ဖေဖော်ဝါရီ ၂၃ ရက်က တရားဝင်စတင်ခဲ့ပြီး ကပ်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှု ခြေလှမ်းသစ်တစ်ခု ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ Sinovac Biotech၏ ကိုဗစ်ကာကွယ်ဆေး မှတ်ပုံတင်လျှောက်ထားမှုကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)က ဖေဖော်ဝါရီ ၂၂ ရက်တွင် ခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakulက ဖေဖော်ဝါရီ ၂၃ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပြောကြားခဲ့သည်။

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Sinovac Biotech ကုမ္ပဏီထံမှ မှာယူထားသော COVID-19 ကာကွယ်ဆေး ပထမသုတ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သို့ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရောက်ရှိလာခဲ့ပြီး ယင်းမှာ ထိုင်းနိုင်ငံအတွက် အမျိုးသား ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် စတင်ရန် လမ်းကြောင်းပေါ်သို့ တင်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုလံဘို ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၂၃ ရက်ထုတ်ပြန်ကြေညာချက်အရ ဖေဖော်ဝါရီ ၂၃ ရက် ၁၀ နာရီအချိန်ထိ ပြီးခဲ့သော ၂၄ နာရီအတွင်း သီရိင်္လာနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅၁၈ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၈၀,၅၁၇ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါဖြင့် သေဆုံးရသူစုစုပေါင်း ၄၅၀ ဦးရှိကြောင်း ၊ နိုင်ငံအတွင်းရှိ ကပ်ရောဂါအန္တရာယ်များသည့် ဒေသများတွင် ပြည်သူလုထုအား ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ဒါကာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တက္ကသိုလ်များကို မေလ ၂၄ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး Dipu Moni က ဖေဖော်ဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။