ဘေရွတ်၊ မတ် ၃၁ ရက် (ဆင်ဟွာ) လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) တပ်မှူး Lazaro Saenz သည် မကြာသေးမီက လက်ဘနွန်းရောက် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့စခန်းသို့ သွားရောက်ကြည့်ရှုလေ့လာစဉ် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့၏ လက်ဘနွန်းတောင်ပိုင်း၌ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့သည်...
ကုလသမဂ္ဂ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ဘက်စုံ ခွဲခြားခြင်းမရှိသည့် ပိတ်ဆို့အရေးယူမှုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသစ်ကို ဖြစ်ပေါ်စေကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ဒုတိယကိုယ်စား သိုက်ပင်းက မတ် ၂၉ ရက် က ယူကရိန်း လူသားချင်းစာနာထောက်ထားရေး လုံခြုံရေးကောင်စီ သုံးသပ်ဆွေးနွေးမှုတွင် ထောက်ပြပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)က ယူကရိန်းနိုင်ငံနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို မတ် ၂၃ ရက်တွင် မဲခွဲဆုံးဖြတ်ကြမည် ဖြစ်ပြီး ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး စတင်ချိန်မှစ၍ ဒုတိယမြောက် မဲခွဲဆုံးဖြတ်မှုဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ မတ် ၇ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ရှိ ဗလီတစ်ခုအတွင်း မတ် ၄ ရက်က ဖြစ်ပွားခဲ့သည့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသော အကြမ်းဖက်တိုက်ခိုက်မှုအား ကုလသမဂ္ဂလုံခြုံရေးကောင်စီက မတ် ၆ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရသည်။ သတင်းထုတ်ပြန်ချက်တွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက မတ် ၄ ရက်(သောကြာနေ့)တွင်...
ကုလသမဂ္ဂ ၊ မတ် ၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံအမြဲတမ်းကိုယ်စားလှယ် Vassily Nebenzia က ကုလသမဂ္ဂ၌ သွားရောက်တာဝန်ထမ်းဆောင်နေသည့် ရုရှားသံအမှုထမ်း ၁၂ ဦးကို ထုတ်ပယ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် စိတ်မသက်မသာဖြစ်ရကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကုလသမဂ္ဂ ၊ မတ် ၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းအဆုံးသတ်ရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelensky နှင့် ဖုန်းပြောဆိုမှုတစ်ခုအတွင်း ယူကရိန်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီ များ ပိုမိုပေးအပ်သွားရန် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကတိပြုခဲ့ကြောင်း သိရသည်။
နယူးယောက်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယူကရိန်းနိုင်ငံရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဗဟိုအရေးပေါ်တုန့်ပြန်ရေးရန်ပုံငွေ ( CERF) မှ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ခွဲဝေချထားပေးမယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကြေညာခဲ့ကြောင်းသိရသည်။ (Xinhua) …………………………...
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခအတွက် အဖြေရှာရန် လက်လျှော့မည်မဟုတ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့များကိုလည်း အရပ်သားများအား ပိုမိုကာကွယ်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ဖေဖော်ဝါရီ ၂၅ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။ ယူကရိန်းအရေး...
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ (UN) အနေဖြင့် ရုရှားနိုင်ငံနှင့် စစ်ရေးပဋိပက္ခအလယ်ရောက်ရှိနေသော ယူကရိန်းနိုင်ငံ၌ အရေးပေါ်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ဗဟိုအရေးပေါ်အခြေအေနေတုန့်ပြန်ရေးရန်ပုံငွေ (CERF) မှ အမေရိကန်ဒေါ်လာ သန်း ၂၀ ခွဲဝေသတ်မှတ်မည်ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဖေဖော်ဝါရီ ၂၄ ရက်က...