Connect with us

International Organizations

ကာကွယ်ဆေးပြတ်လပ်မှုကြောင့် ဆိုမာလီယာတွင် ကာလဝမ်းရောဂါဖြစ်ပွားမှုအတွက် စိုးရိမ်နေရ

ဆိုမာလီယာနိုင်ငံ Bay ဒေသ Baidoa မြို့ရှိ ကုလသမဂ္ဂကလေးများရန်ပုံငွေ၏ မိတ်ဖက် DMO (Deegroor Medical Organization) အဖွဲ့မှ ဆောင်ရွက်သော ပြင်ပလူနာကုသရေးစင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/UNICEF/Sebastian Rich)

ကုလသမဂ္ဂ၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံရှိ ခရိုင် ၇၂ ခု အနက် ထက်ဝက်နီးပါးမှာ ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့နေပြီး ကာကွယ်ဆေး ပြတ်လပ်မှုလည်း ဖြစ်ပေါ်နေသည့်အတွက် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းက စိုးရိမ်ကြောင်း မတ်၂၇ ရက်တွင်ပြောသည်။
ယခုနှစ်အစောပိုင်းမှ စတင်ကာ ကာလဝမ်းရောဂါဖြစ်ပွားသူ ၄၄၀၀ ရှိပြီး သေဆုံးသူ ၅၄ ဦးရှိသည်။ သေဆုံးသူများ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ အသက်ငါးနှစ်အောက်ကလေးများဖြစ်ကြသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ပြောသည်။ ဆိုမာလီယာတွင် ဖြစ်ပွားသည့် ကာလဝမ်းရောဂါမှာ လွန်ခဲ့သည့် သုံးနှစ်နှင့်ယှဉ်လျှင်သုံးဆများလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။ ဆိုမာလီယာနိုင်ငံသည် ကာလဝမ်းရောဂါနှင့် ဝမ်းလျှောမှုတို့ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခံစားရသည့် နိုင်ငံလည်းဖြစ်သည်။ ရောဂါကူးစက်မှုမှာ ဆက်လက်ပျံ့နှံ့သွားမည်ဟု ယူဆရပြီး လွန်ခဲ့သည့်နှစ်များက ရောဂါဖြစ်ပွားခြင်းမရှိသည့် နေရာများ၌ပါ မိုးရာသီအတွင်းရောဂါကူးစက်မည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။ ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများသည် ဆိုမာလီယာ ကျန်းမာရေး အာဏာပိုင်များနှင့်အတူ လက်တွဲလုပ်ဆောင်လျက်ရှိပြီး ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေး အစီအစဉ်များအတွက် အမေရိကန်ဒေါ်လာခြောက်သန်းနီးပါးလိုအပ်မည်ဖြစ်သည်။
နောက်ထပ်ရန်ပုံငွေများလိုအပ်ပြီး ယခုနှစ်ဆိုမာလီယာ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ လိုအပ်သော်လည်း သန်း ၁၅၀ သာ ရရှိသေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ပြောသည်။ (Xinhua)

——————————
(English Version)
Humanitarians raise concern for Somalia cholera outbreak amid vaccine dose shortage: UN
UNITED NATIONS, March 27 (Xinhua) — UN humanitarians said on Wednesday they are concerned about the spread of cholera in nearly half of the 72 Somalia districts amid a severe shortage in oral vaccine doses.
The UN Office for the Coordination of Humanitarian Affairs (OCHA) said almost 4,400 cases and 54 deaths were recorded last week since the start of the year. More than 60 percent of the deaths were among children under 5.
The World Health Organization (WHO) said that the number of reported cases in Somalia is three times higher than the previous three-year average. Somalia is already among the countries most severely impacted by cholera and acute watery diarrhea.
“This outbreak is expected to spread further, including to areas where the disease has not been seen in years, during the coming rainy season, which is expected to be heavier than normal,” WHO said.
OCHA said the United Nations and its humanitarian partners are working with Somalia’s health authorities to step up preparation and response efforts, which aligns with a six-month plan of action that will require nearly 6 million U.S. dollars.
However, OCHA said that additional funding is urgently needed. This year’s Somalia Humanitarian Response Plan is less than 10 percent funded, with just over 150 million U.S. dollars received of the nearly 1.6 billion dollars required.
Photo: File photo shows an outpatient therapeutic feeding centre run by United Nations Children’s Fund (UNICEF) partner, DMO (Deegroor Medical Organization) in Baidoa, Bay region, Somalia. (Xinhua/UNICEF/Sebastian Rich)