Connect with us

Media

ဂါဇာဒေသသို့ ထိရောက်သောအကူအညီများပေးပို့ရေး ချက်ချင်းအပစ်အခတ်ရပ်စဲရန်လိုဟု ဂူတာရက်စ်ပြော

အမ်မန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဂါဇာဒေသသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပို့ဆောင်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းဖော်ဆောင်ရန် လိုအပ်ကြောင်း မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi နှင့် အမ်မန်မြို့၌ ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဂူတာရက်စ်က အသက်ကယ်အကူအညီများအတွက် အတားအဆီးများအားလုံး ဖယ်ရှားရေး တွန်းအားပေးသွားမည် ဖြစ်ကာ ဂါဇာဒေသသို့ အကူအညီများ ပို့ဆောင်ရေးအတွက် နောက်ထပ် ဝင်ခွင့်နေရာများ ရှာဖွေသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………..
(English Version)
Effective aid delivery to Gaza requires immediate ceasefire: Guterres
United Nations Secretary-General Antonio Guterres said Monday that the effective delivery of humanitarian aid into Gaza requires “the immediate delivery” of a humanitarian ceasefire.
During a joint press conference in Amman with Jordan’s Foreign Minister Ayman Safadi, the UN chief said he would push for the removal of all obstacles to life-saving aid and find more entry points for their delivery into Gaza.
Xinhua News Agency correspondents reporting from Amman.(XHTV)