တိုကျို၊ ဩဂုတ် ၂၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် ယခုကာလများအတွင်း ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေ ပို၍ ဆိုးဝါးလာခြင်းကြောင့် ဩဂုတ် ၂၇ ရက်မှစပြီး အရေးပေါ်အခြေအနေသတ်မှတ်မှုကို ဟော့ကိုင်းဒိုးကျွန်း၊ မီရာဂျီစီရင်စုစသည့် နေရာဒေသ (၈)ခုကို တိုးချဲ့သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက ဩဂုတ် ၂၅ ရက် ကိုဗစ်ကပ်ရောဂါတုန့်ပြန်ရေးဌာနချုပ် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် နေ့စဉ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာဦးရေသည် ဩဂုတ် ၁၈ ရက်တွင် ထပ်မံ စံချိန်သစ်တင် မြင့်တက်လာခဲ့သည်။ တစ်နိုင်ငံလုံးရှိမြို့၊ခရိုင်စီရင်စု (၄၇)ခုအနက် တစ်ဝက်ကျော်၌ ကိုဗစ်ထပ်တိုးလူနာအရေအတွက်သည် စံချိန်ချိုးမြင့်တက်လျက်ရှိကြောင်း သိရသည်။
တိုကျို၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း Kyushu ဒေသတွင် ဩဂုတ် ၈ ရက် ညပိုင်းက Lupit တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် ဩဂုတ် ၉ ရက် နံနက်ပိုင်းက နိုင်ငံအနောက်ပိုင်း၌ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသအေဂျင်စီက...
တိုကျို၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) ဩဂုတ် ၅ ရက် ၁၈ နာရီ ၃၀ မိနစ် အထိ ဂျပန်နိုင်ငံတွင် ကိုဗစ်ထပ်တိုးအတည်ပြုလူနာ (၁၅,၂၆၃)ဦး စစ်ဆေးတွေ့ရှိခဲ့ရာ ယင်းမှာ အမြင့်ဆုံး စံချိန်တင်အရေအတွက်ဖြစ်ကြောင်း NHK ရုပ်သံ၏စာရင်းများအရ သိရသည်။ ယင်းနေ့အထိ ဂျပန်တွင် စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ...
တိုကျို၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) မကြာသေးမီက COVID-19 ရောဂါဖြစ်ပွားမှု အရေအတွက် မြင့်တက်လာပြီးနောက် COVID-19 အရေးပေါ်အခြေအနေ ဒေသများအဖြစ် ထည့်သွင်းရန် ဂျပန်နိုင်ငံ ဗဟိုအစိုးရအား တိုကျိုမြို့အနီးရှိ စီရင်စု ၃ ခုက ပူးတွဲတောင်းဆိုသွားမည်ဖြစ်ကြောင်း ချီဘာစီရင်စု အုပ်ချုပ်ရေးမှူး Toshihito Kumagai ၏...
တိုကျို၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) တိုင်ဖွန်းမုန်တိုင်း Nepartak သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် မြောက်ဘက်သို့ ရွေ့လျားသွားခဲ့ပြီး မီယာဂီစီရင်စု အရှေ့မြောက်ဘက် ပစိဖိတ်ကမ်းရိုးတန်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ မူလက တိုကျိုဧရိယာသို့ ဦးတည်မည့်အလားအလာမှ လှည့်ပြောင်းသွားခဲ့ကြောင်း ယနေ့ (ဇူလိုင် ၂၈) ၌...
တိုကျို၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) အိုလံပစ်ကျေးရွာတွင် နေထိုင်သည့် နောက်ထပ် အားကစားသမားနှစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အားကစားပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဇူလိုင် ၂၆ ရက်၌ ပြောကြားခဲ့သည်။
တိုကျို၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ကြည့်ရှုသူပရိသတ်မပါဝင်ဘဲ ဖွင့်လှစ်ခဲ့ရာ တင်းနစ်အားကစား ကြယ်ပွင့် နာအိုမီအိုဆာကာ (Naomi Osaka) က အိုလံပစ်မီးရှူးတိုင်အား ထွန်းညှိပေးခဲ့သည်။ (Xinhua) ———————————— (English Version) GLOBALink | Tokyo Olympics open...
တိုကျို၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) (၃၂)ကြိမ်မြောက် နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၃ ရက် ညပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့ အမျိုးသားအားကစားကွင်းသစ်တွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် အနုပညာဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သလို အလံတင်အခမ်းအနား၊ အားကစားသမားများ အခမ်းအနားသို့ ဝင်ရောက်လာခြင်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်း စသည့်တို့...
တိုကျို၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါက COVID-19 ရောဂါ ပျံနှံ့နေသည့်ကြားမှ တိုကျိုအိုလံပစ် အားကစားပွဲများအား အောင်မြင်စွာ ပြုလုပ်နိုင်ရန် ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့သည်။