Connect with us

Media

ဂျပန် နျူကလီးယားလောင်စာသုတေသနစက်ရုံတွင် ရေဒီယိုသတ္တိကြွပစ္စည်းများ ယိုစိမ့်မှု တွေ့ရှိ

တိုကျို၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ၏ နျူကလီးယားလောင်စာသုတေသနစက်ရုံများအနက် တစ်ခုတွင် ရေဒီယိုသတ္တိကြွပစ္စည်း ယိုစိမ့်မှုကို ဂျပန် အဏုမြူစွမ်းအင်အေဂျင်စီ (JAEA) က အတည်ပြုခဲ့ပြီး ဝန်ထမ်းများ၏ ကျန်းမာရေး သို့မဟုတ် အနီးပတ်ဝန်းကျင်အပေါ် မကောင်းသောသက်ရောက်မှုများ မတွေ့ရှိရကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။

ထိုသို့ယိုစိမ့်မှုများကို အီဘာရာခီစီရင်စု၊ တိုခါအီကျေးရွာတွင်ရှိသော JAEA ၏ Nuclear Fuel Cycle Engineering ဓာတ်ခွဲခန်းများရှိ အမှတ် ၃ ပလူတိုနီယံ လောင်စာထုတ်လုပ်ရေးအခန်းအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း JAEA အား ကိုးကား၍ ကျိုဒိုသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အမှတ် ၃ ပလူတိုနီယံလောင်စာထုတ်လုပ်ရေးအခန်းရှိ နေရာလေးခုတွင် ရေဒီယိုသတ္တိကြွပစ္စည်းများကြောင့် ညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည်ကို စက်တင်ဘာ ၈ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လေလုံစေရန် အသုံးပြုသော glovebox ကိရိယာကို စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နေစဉ် အဆိုပါ ဖြစ်ရပ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့ ညစ်ညမ်းမှုမှာ glovebox ကိရိယာ၏ အထက်ဘက်ရော အောက်ဘက်တွင်ပါ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရေဒီယိုသတ္တိကြွပစ္စည်းပါဝင်မှု အမြင့်ဆုံးအဆင့်မှာ ခန့်မှန်းခြေ ၃၃ becquerels ရှိကြောင်း သိရသည်။ လက်ရှိတွင် ရေဒီယိုသတ္တိကြွပစ္စည်းယိုစိမ့်မှု ဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Radioactive material leaks detected at Japan’s nuclear fuel research facility
TOKYO, Sept. 13 (Xinhua) — The Japan Atomic Energy Agency (JAEA) has confirmed the detection of radioactive material leaks in one of its nuclear fuel research facilities but reported no adverse effects on the health of the staff or the surrounding environment, local media has reported.
The leaks were detected within the Plutonium Fuel Development Room No. 3 at the JAEA’s Nuclear Fuel Cycle Engineering Laboratories, located in Tokai Village, Ibaraki Prefecture, national news agency Kyodo reported, citing the agency.
Last Friday, the Plutonium Fuel Development Room No. 3 identified pollution caused by radioactive materials at four locations within the facility.
The pollution was discovered during a routine inspection of the glovebox equipment, which is designed to be airtight.
The contamination was found both above and below the glovebox, with the highest level of radioactive activity measuring approximately 33 becquerels.At present, the cause of the radioactive material leak is under investigation.