Connect with us

Media

တရုတ်နိုင်ငံ အဏုမြူစွမ်းအင်အာဏာပိုင်အဖွဲ့က ဂျပန်၏ နျူကလီးယား ညစ်ညမ်းရေများစွန့်ထုတ်မှုကို ရှုတ်ချ

ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံက ဖူကူရှီးမား နျူကလီးယားညစ်ညမ်းရေများ သမုဒ္ဒရာအတွင်း စွန့်ထုတ်မှုသည် အဏ္ဏဝါပတ်ဝန်းကျင်၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ဆိုးဝါးစွာ ထိခိုက်စေကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလုပ်ငန်း၏ ဘေးကင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို လျော့ပါးစေကြောင်း တရုတ်နိုင်ငံ အဏုမြူစွမ်းအင်အာဏာပိုင်အဖွဲ့က ဩဂုတ် ၂၄ ရက်၌ ပြောကြားခဲ့သည်။

ဂျပန်အစိုးရ၏ ထိုသို့ဆောင်ရွက်မှုသည် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အခွင့်အာဏာနှင့် အများယုံကြည်မှုကို စိုးရိမ်ဖွယ်လျော့ပါးစေကြောင်း တရုတ်နိုင်ငံ အဏုမြူစွမ်းအင်အာဏာပိုင်အဖွဲ့ (CAEA) က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
ဂျပန်နိုင်ငံ တစ်ဖက်သတ်တောင်းဆိုချက်အရ ဖူကူရှီးမား နျူကလီးယားညစ်ညမ်းရေ စွန့်ထုတ်ရေးအစီအစဉ်အပေါ် IAEA ၏ အကဲဖြတ်မှုသည် နိုင်ငံတကာဥပဒေသက်ရောက်မှု မရှိသလို ဂျပန်နိုင်ငံအား နျူကလီးယားညစ်ညမ်းရေများ စွန့်ထုတ်မှုအစီအစဉ်ကို တရားဝင်ဖြစ်မှု သို့မဟုတ် တရားမျှတမှုပေးအပ်ခြင်းမဟုတ်ကြောင်း အေဂျင်စီက အလေးထားဖော်ပြခဲ့သည်။

ဂျပန်အစိုးရအနေဖြင့် နျူကလီးယားညစ်ညမ်းရေ၏ ဘေးကင်းမှုနှင့် အန္တရာယ်ကင်းမှုကို ဖော်ပြရန် ယခင်လက IAEA ၏ ဘက်စုံအကဲဖြတ်မှုအစီရင်ခံစာကို လက်လွတ်စပယ် အသုံးပြုထားခြင်းဖြစ်ကြောင်း၊ ယင်းမှာ တစ်ကိုယ်ကောင်းဆန်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိကြောင်းနှင့် နိုင်ငံတကာ ပြည်သူများ၏ အကျိုးစီးပွားများကိုလည်း အလေးထားခြင်းမရှိကြောင်း CAEA က ဖြည့်စွက်ပြောခဲ့သည်။

“ဒီလိုပြုမူတာကို တရုတ်နိုင်ငံအနေနဲ့ အခိုင်အမာ ကန့်ကွက်ပြီး အပြင်းအထန်ရှုတ်ချပါတယ်။ ဂျပန်အစိုးရအနေနဲ့ ဒီလိုမှားယွင်းတဲ့ ဆောင်ရွက်မှုကို ချက်ချင်းရပ်တန့်သင့်တယ်” ဟု CAEA က ဆိုသည်။

လွန်ခဲ့သော ၁၂ နှစ်က ဖြစ်ပွားခဲ့သော ဖူကူရှီးမား နျူကလီးယားမတော်တဆမှုတွင် ရေဒီယိုသတ္တိကြွပစ္စည်း အမြောက်အမြားကို ပင်လယ်အတွင်းသို့ စွန့်ထုတ်ထားပြီးဖြစ်သည်။ ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ ပင်ကိုအကျိုးစီးပွားအတွက် အိမ်နီးချင်းနိုင်ငံများ၏ ပြည်သူများနှင့် ကမ္ဘာကြီးကိုပင် ထပ်မံ အန္တရာယ်မပေးသင့်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)

……………………………
(English Version)
China’s atomic energy authority condemns Japan’s release of nuclear-contaminated water
BEIJING, Aug. 24 (Xinhua) — Japan’s release of the Fukushima nuclear-contaminated water into the ocean seriously jeopardized the rights and interests of the marine environment and undermined the security and development interests of the global nuclear energy industry, said China’s atomic energy authority Thursday.
The China Atomic Energy Authority (CAEA) said in a statement that the move by the Japanese government gravely undermined the authority and credibility of the International Atomic Energy Agency (IAEA).
The IAEA’s evaluation of the Fukushima nuclear-contaminated water discharge plan was conducted upon Japan’s unilateral request, has no international legal effect, and cannot give Japan any legitimacy or justice to its nuclear-contaminated water discharge plan, the agency stressed.
The Japanese government has been wantonly using the comprehensive assessment report released by the IAEA last month to hype up the safety and harmlessness of nuclear-polluted water, which is selfish and irresponsible, and shows a total disregard for international public interests, the CAEA added.
“China firmly opposes and strongly condemns this action. The Japanese government should immediately stop this erroneous move,” the CAEA said.
The Fukushima nuclear accident 12 years ago has already released many radioactive materials into the sea. Japan should not again harm the people of neighboring countries and even the world out of its own interests, said the statement.