ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အတွက် တရုတ်နိုင်ငံ ပေကျင်းမြို့မှ ယနေ့ ဇန်နဝါရီ ၁၇ ရက်တွင်...
ဝါရှင်တန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး သဘောတူညီချက် ပထမအဆင့်ကို ဇန်နဝါရီ ၁၅ ရက်က အိမ်ဖြူတော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဟိုင်ခို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်သစ်တစ်ခုကို ဇန်နဝါရီ ၁၃ ရက်ညနေပိုင်းက မိတ်ဆက်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ) နေ့စဉ် နံနက်ခင်းတိုင်းတွင် ဝမ်တိန် နယ်စပ်ဂိတ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံမှ တင်ပို့လာသော ဂဏန်းကောင်များ နှင့် အခြားသော ရေထွက်ပစ္စည်းအမျိုးမျိုး တန်ချိန် ဒါဇင်ပေါင်းများစွာသည် တရုတ်နိုင်ငံ တစ်ဝန်းရှိ ပင်လယ်စာနှစ်သက်သူများဆီသို့ ဖြန့်ဖြူးပေးနိုင်ရန် ဝမ်တိန်ငါးဈေးအတွင်း စတင်ဝင်ရောက်လာခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၁၃ ရက်က စစ်မှုထမ်းဟောင်းများနှင့် အငြိမ်းစားဝန်ထမ်းများကို နွေဦးပွဲတော် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ SGCC လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း(State Grid Corporation of China) မှ တာဝန်ယူတည်ဆောက်ပေးခဲ့သော ကချင်ပြည်နယ်အတွင်းရှိ ဓာတ်အားလိုင်းများအား ၂၃၀ ကေဗွီ မဟာပင်မဓာတ်အားလိုင်း နှင့် ချိတ်ဆက် သွယ်တန်းပြီးစီးခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက်တွင်...
နေပြည်တော်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၁၉၅၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်။ ယခုအခါ နှစ်ပေါင်း ၇၀ ကြာပြီးနောက်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ရာ ယင်းခရီးစဉ်သည်...
ပေကျင်း ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) လာမည့်ရက်သတ္တပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ခရီးစဉ်သည် တရုတ်-မြန်မာဆက်ဆံရေးကဏ္ဍ၌ ပိုမို တိုးတက်ကြွယ်ဝလာမည်ဖြစ်ပြီး ခေတ်သစ်တစ်ခုကို အစပြုခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လော်ကျောက်ဟွေး(Luo Zhaohui) က ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှုတွင် ထူးချွန်စွာ လုပ်ဆောင်ခဲ့သည့်အတွက် ဟွမ်ရှုဟွာနှင့် ဇန်းချင်ချွမ်းတို့အား တရုတ်နိုင်ငံ၏ သိပ္ပံပညာရပ်ဆိုင်ရာ အဆင့်မြင့်ဆုံး ဆုတံဆိပ်ကို ဇန်နဝါရီ ၁၀ ရက်က ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့်ကို ဝါရှင်တန်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း တရုတ် စီးပွားရေးဝန်ကြီးဌာန (MOC) က ဇန်နဝါရီ ၉ ရက်၌ ပြောကြားလိုက်သည်။