Connect with us

Media

တရုတ်နိုင်ငံ အရှေ့ပိုင်း ဝူရှီးမြို့ရှိ မိုးပျံလမ်းအောက်မှ နေရာလွတ်ကို အားကစားပန်းခြံအဖြစ် ပြောင်းလဲ

ဝူရှူး၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဝူရှီးမြို့တွင် ပြည်သူများက ၎င်းတို့၏ဦးခေါင်းများပေါ်မှ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေသည့်တိုင် အားကစားလုပ်ခြင်း၌ စိတ်အားထက်သန်လျက်ရှိနေသည်မှာ နေ့စဉ်မြင်ကွင်း တစ်ခုဖြစ်သည်။

အဆိုပါ မြင်ကွင်းကို ဝူရှီးမြို့၏ အကြီးဆုံးအားကစားပန်းခြံတစ်ခု၌ မြင်တွေ့ရခြင်းဖြစ်ပြီး ယင်းပန်းခြံအား မိုးပျံလမ်းအောက်၌ တည်ဆောက်ထားခြင်းဖြစ်သည်။

အဆိုပါ ပန်းခြံသည် ဧရိယာအားဖြင့် ၆.၄ ဟက်တာရှိကာ ဘတ်စကက်ဘောကစားကွင်းများ၊ စားပွဲတင်တင်းနစ်ခုံများနှင့် စကိတ်စီးသောနေရာများ စသည့် အားကစားကိရိယာပစ္စည်းများ တပ်ဆင်ထားကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Space under overpass turned into sports park in E. China’s Wuxi
An amazing scene happens every day in the eastern Chinese city of Wuxi, where people are immersed in sports while vehicles whizz over their heads.
It takes place in Wuxi’s largest sports park, built under an overpass.
The park covers an area of 6.4 hectares and is equipped with fitness facilities like basketball courts, ping-pong tables and skateparks.