ဘန်ကောက်၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ထိုင်းနိုင်ငံတွင် COVID-19 ကပ်ရောဂါ နောက်ဆုံးကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့သော စမွတ်ဆခွန်းခရိုင်မှအပ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းအများစုကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ထိုင်းနိုင်ငံက COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအတွက် အဆင့်သုံးဆင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပထမအဆင့်ကို ဖေဖော်ဝါရီလမှ ဧပြီလအထိ ပြုမည်ဖြစ်ကာ ကာကွယ်ဆေးအလုံးရေ ၂ သန်းထိုးနှံသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။
ဘန်ကောက်၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ၂ သန်းကို ဝယ်ယူသွားရန် ထိုင်းနိုင်ငံက ရည်မှန်းထားကြောင်း ထိုင်းနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရုံးက ဇန်နဝါရီ ၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၂၂ ရက်က COVID-19 ကူးစက်မှုအသစ် ဆက်လက်မြင့်တက်ခဲ့ပြီး ယမန်နေ့ကထက် ၄၂၇ ဦး တိုးမြင့်လာခဲ့ကြောင်း၊ ယင်းအနက် အများစုမှာ မြို့တော်ဘန်ကောက်အနီးရှိ ပြည်နယ်တစ်ခု၏ ပင်လယ်စာဈေးကွက်နှင့် ဆက်စပ်မှုရှိကြောင်း သိရသည်။
ဘန်ကောက်၊ဒီဇင်ဘာ၂၃ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ထိုင်းနိုင်ငံ စမွတ်စခွန်းပြည်နယ်(Samut Sakhon) တွင် မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်ခဲ့ရာ ပြန့်နှံ့ကူးစက်လာမည်ကို စိုးရိမ်သဖြင့် နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပရန် စီစဉ်ထားမှုများကို ပယ်ဖျက်လိုက်ကြောင်း ထိုင်းနိုင်ငံ ပတ္တယားမြို့ အာဏာပိုင်များက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၁၉ ရက်က ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၅၄၈ ဦးရှိခဲ့ရာ ၎င်းတို့အနက် ၅၁၆ ဦးမှာ အလယ်ပိုင်းဒေသ စမွတ်စခွန်း(Samut Sakhon)ပြည်နယ်ရှိ ပင်လယ်စာအရောင်းဈေးတစ်ခုနှင့်ဆက်စပ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေးဌာန တာဝန်ခံ Opasက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဆိုးဝါးသည့် ရေကြီးရေလျှံမှုကြောင့် လူ ၉ ဦးသေဆုံးကာ အခြားလူတစ်ဦးပျောက်ဆုံးနေပြီး အိမ်ထောင်စုပေါင်း ၉၁,၆၈၆ စု ရေဘေးဒဏ်ခံစားခဲ့ရကြောင်း ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM) က...
ဘန်ကောက်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)ထိုင်းနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားချိန်မှစ၍ ပထမဆုံးရောက်ရှိလာသော ကမ္ဘာလှည့်ခရီးသွားများတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာလှည့်ခရီးသည်များအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရက်ကို ၁၄ ရက်မှ ၁၀ ရက်သို့ လျှော့ချရန် ရည်ရွယ်ထားကြောင်း အောက်တိုဘာ၂၁ ရက်တွင် ပြုလုပ်သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။အဆိုပါ ကြေညာချက်သည် အောက်တိုဘာ ၂၀ ရက်က တရုတ်နိုင်ငံမှ...
ဘန်ကောက်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ လုံခြုံရေးကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အစိုးရက အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။