Connect with us

Media

တရုတ်နှင့် ထိုင်းတို့က အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မည်

ပေကျင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ဩဂုတ်လလယ်မှ စက်တင်ဘာလအစောပိုင်းအထိ ထိုင်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဩဂုတ် ၁၄ ရက်၌ ကြေညာခဲ့သည်။

အဆိုပါ ပူးတွဲလေ့ကျင့်မှုသည် နှစ်နိုင်ငံ စစ်တပ်များ၏ ကြည်းတပ်များက ဆောင်ရွက်သွားမည်ဖြစ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဖြစ်သလို ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုလည်း ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
China, Thailand to hold anti-terror military training
BEIJING, Aug. 14 (Xinhua) — China and Thailand will hold a joint anti-terror military training in Thailand from mid-August to early September, a Chinese defense spokesperson announced on Monday.
Wu Qian, spokesman for the Chinese Ministry of National Defense, said the training, to be conducted by the armies of the two militaries, will strengthen anti-terrorism cooperation and contribute to regional peace and stability.
Soliders take part in the opening ceremony of a joint military exercise of Cambodia and China in Cambodia’s southwestern Kampot province, on March 15, 2020. (Photo by Cui Songrou/Xinhua)