Connect with us

Media

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် ဆေထာ ထဝီဆင်က လွှတ်တော်တွင် မဲအများစု အနိုင်ရရှိ

ဘန်ကောက်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဖြူထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ ကျောထောက်နောက်ခံပြုထားသည့် ကိုယ်စားလှယ်လောင်း ဆေထာ ထဝီဆင် (Srettha Thavisin) က ဩဂုတ် ၂၂ ရက်၌ ဝန်ကြီးချုပ်သစ်ဖြစ်လာရန် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ၌ အများစုထောက်ခံမဲရရှိခဲ့ကြောင်း သိရသည်။

အိမ်ခြံမြေလုပ်ငန်းရှင်ဟောင်း အသက် ၆၀ နှစ် အရွယ် ဆေထာ ထဝီဆင်သည် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်ပေါင်းကျင်းပသည့် လွှတ်တော်၌ အတည်ပြုထောက်ခံမှု ရရှိခဲ့ခြင်းဖြစ်ကာ ဖြူထိုင်းပါတီနှင့် ၎င်း၏မဟာမိတ်အဖွဲ့တို့က အစိုးရသစ်ဖွဲ့စည်းသွားမည်ဖြစ်ပြီး မေလ ရွေးကောက်ပွဲပြီးချိန်မှစ၍ သီတင်းပတ်များစွာကြာ မတိုးသာမဆုတ်သာ နိုင်ငံရေးအခြေအနေကို အဆုံးသတ်စေမည်ဖြစ်သည်။

ဖြူထိုင်းပါတီက အစိုးရသစ်ဖွဲ့စည်းရန် ၁၁ ပါတီမဟာမိတ်အဖွဲ့ကို ဩဂုတ် ၂၁ ရက်က ကြေညာခဲ့သည်။ ယင်းပါတီက ကနဦးက Move Forward ပါတီ ခေါင်းဆောင် ပီတာ လင်ဂျာရိုအန်ရတ်အား ဝန်ကြီးချုပ်အဖြစ် ထောက်ခံခဲ့သော်လည်း ယခင်လွှတ်တော်အစည်းအဝေး၌ ပီတာကို ဝန်ကြီးချုပ်ခန့်အပ်ရေး လုံလောက်သော မဲအရေအတွက် မရရှိခဲ့ပြီးနောက် ခွဲထွက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Srettha Thavisin secures parliamentary majority support to be Thailand’s new PM
BANGKOK, Aug. 22 (Xinhua) — Srettha Thavisin, a candidate backed by Thailand’s Pheu Thai-led coalition, secured a simple majority in a parliamentary vote on Tuesday to become the country’s new prime minister.
The 60-year-old ex-real estate tycoon was endorsed by a joint sitting of the upper and lower houses, paving the way for the Pheu Thai Party and its alliance to form a new government, and ending weeks of political stalemate since the election in May.
The Pheu Thai Party announced an 11-party alliance on Monday to form a new government. It initially supported election-winning Move Forward Party leader Pita Limjaroenrat as prime minister, but pulled out after Pita failed to secure necessary support in the previous two bicameral sittings of the Thai parliament.