ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရန်ကုန်မြို့ ပန်းဆိုးတန်း-ဒလ ပြေးဆွဲသည့် ချယ်ရီခရီးသည်တင် သင်္ဘောပေါ်တွင် ယနေ့ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ကျူးဘားနိုင်ငံတွင် လောင်စာဆီသိုလှောင်ရုံတစ်ခု ပေါက်ကွဲမှုများစွာ ဖြစ်ပွား၍ အကြီးအကျယ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး ၁၂၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ်ကြောင့် ၁၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကျူးဘား ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)xhtxs.cn/ynE ————————–...
ကိဗ် ၊ဇွန် ၂၆ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ ကိဗ်မြို့တော် Shevchenkivskyi ခရိုင်အတွင်း ယနေ့ ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ပေါက်ကွဲမှုများစွာဖြစ်ပွားခဲ့ကြောင်း ကိဗ်မြို့တော်ဝန် Vitali Klitschko က တယ်လီဂရမ်ချန်နယ်မှ တဆင့် ပြောကြားခဲ့သည်။
MAZAR-I-SHARIF ၊ အာဖဂန်နစ္စတန်၊ မေ ၂၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ် မြို့တော် Mazar-i-Sharif မြို့တွင် မေ ၁၉ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဒဏ်ရာရသူများမှာ အမျိုးသားစစ်တပ်၏...
မနီလာ ၊ မေ ၉ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၂ အထွေထွေရွေးကောက်ပွဲ မတိုင်မီတစ်ရက်အလို မေ ၉ ရက်(တနင်္ဂနွေနေ့ညပိုင်း)တွင် နိုင်ငံတောင်ပိုင်းရှိ Maguindanao ပြည်နယ်၌ လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခံရမှုများအတွင်း အနည်းဆုံး လူ ၈ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ဟာဗားနား ၊ မေ ၈ ရက်(ဆင်ဟွာ) ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်ရှိ ဇိမ်ခံဟိုတယ်တစ်လုံး၌ ပြင်းထန်သောပေါက်ကွဲမှုတစ်ခုအတွင်း သေဆုံးသူ အရေအတွက်မှာ ၂၂ ဦးထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ ၆၄ ဦး ရှိကြောင်း မေ ၆ ရက်ညနေပိုင်းတွင် နောက်ဆုံးအခြေအနေအား ကျူးဘားသမ္မတရုံးက ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မတ် ၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် Khyber Pakhtunkhwa ပြည်နယ် ပက်ရှ်ဝါမြို့ရှိ ဗလီတစ်ခုတွင် မတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၅၆ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံနှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများအရ...
အစ္စလာမ်မာဘတ်၊ မတ် ၃ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့တွင် မတ် ၂ ရက်က ပေါက်ကွဲမှုဖြစ်ပွါးပြီး အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြားသူ ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan...
ကီးယက်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ၏ အကြီးဆုံး လေဆိပ် Boryspil နှင့် ယူကရိန်း အရှေ့ပိုင်းနှင့်တောင်ပိုင်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ဖေဖော်ဝါရီ ၂၄ ရက်(ကြာသပတေးနေ့)တွင် ပြင်းထန်သည့်ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း Interfax-Ukraine သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။
အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက ခရီးသည်တင်ရထားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာနှင့် မီးရထားလုပ်ငန်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။