Connect with us

Media

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ နိုင်ငံရေးစုဝေးဟောပြောပွဲ၌ ပေါက်ကွဲမှုကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံးကာ ၂၀၀ ဦးကျော် ဒဏ်ရာရ

အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ Bajaur ခရိုင်၌ ဇူလိုင် ၃၀ ရက်က နိုင်ငံရေးစုဝေးဟောပြောပွဲတစ်ခု၌ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူ ၃၅ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၂၀၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း Khyber Pakhtunkhwa ပြည်နယ်တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဒဏ်ရာရသူများအနက် ၅၀ ဦးထက်မနည်းမှာ စိုးရိမ်ရသည့်အခြေအနေရှိသောကြောင့် သေဆုံးသူအရေအတွက်မှာ ပိုမိုမြင့်တက်လာနိုင်သည်ဟု ဒေသဆိုင်ရာတာဝန်ရှိသူများက စိုးရိမ်လျက်ရှိကြောင်း ပြည်နယ်၏ မြို့တော် Peshawar ရှိ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် Bajaur ခရိုင် Munda Khar လမ်းပေါ်ရှိ Shanday Mor နေရာအနီးတွင် ကျင်းပလျက်ရှိသည့် Jamiat Ulema-e-Islam-Fazl (JUI-F) နိုင်ငံရေးပါတီညီလာခံ၌ ဖြစ်ပွားခဲ့ကြောင်း ဒေသရဲတပ်ဖွဲ့ Malakand ဌာနခွဲရှိ တာဝန်ရှိသူ Nasir Mehmood Satti က မီဒီယာများအား ပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
At least 35 killed, over 200 injured as blast hits political rally in NW Pakistan
At least 35 people were killed and over 200 others sustained injuries on Sunday after a blast ripped through a political rally in Pakistan’s Bajaur district, an official of the northwestern Khyber Pakhtunkhwa province told Xinhua.
The official from the governor’s office in the provincial capital Peshawar said local authorities fear that the death toll might further rise as at least 50 of the injured are in critical condition.
Nasir Mehmood Satti, an official at the Regional Police Office of Malakand division, told media that the attack took place when a convention of the Jamiat Ulema-e-Islam-Fazl (JUI-F) political party was being held near Shanday Mor area on the Munda Khar road of Bajaur.