Connect with us

Politics, Law & Military

ပန်းဆိုးတန်း-ဒလ ပြေးဆွဲသည့် ခရီးသည်တင်သင်္ဘောပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွား ၊ ၁၇ ဦး ဒဏ်ရာရရှိ

ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်သင်္ဘာတစ်စင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ ပန်းဆိုးတန်း-ဒလ ပြေးဆွဲသည့် ချယ်ရီခရီးသည်တင် သင်္ဘောပေါ်တွင် ယနေ့ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။“သင်္ဘောကတော့ ရန်ကုန်ဘက်ကနေ ဒလဘက်ကို ထွက်မယ့် သင်္ဘောပါ ။ အဲဒီသင်္ဘောပေါ်ရဲ့ အောက်ခန်းမှာ ပေါက်တာပါ ။ ယောက်ျားလေးကတော့ အားလုံး ၁၅ ဦး ထိတယ် ။

မိန်းကလေးကတော့ ၂ ဦး စုစုပေါင်း ၁၇ ဦး ထိပါတယ်။သေမှုသေခင်းတော့ မရှိဘူး ။ အဲဒီမှာ ၄ ဦးကတော့ လက်ရှိမှာတော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။”ဟု သွားရောက်ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည့် ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးထားကြောင်းလည်း သိရသည်။ (Xinhua)