ပေကျင်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ လီဟုန်ကျုံးသည် ပေါ်တူဂီဆိုရှယ်ဒီမိုကရက်တစ်ပါတီ (PSD) ၏ လွှတ်တော်ခေါင်းဆောင်နှင့် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဟူဂိုဆောရက်စ် ဦးဆောင်သည့် ပါတီကိုယ်စားလှယ်အဖွဲ့နှင့် ဒီဇင်ဘာ ၁၂ ရက်တွင် တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ တွေ့ဆုံခဲ့သည်။
ပေါ်တို၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ(EU)တွင် တရုတ်နိုင်ငံထုတ် ပထမဆုံး မြေအောက်ရထားကို ပေါ်တူဂီနိုင်ငံ ပေါ်တိုမြို့၌ ဒီဇင်ဘာ ၆ ရက်က စီးပွားဖြစ်စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။ အသစ်ပြေးဆွဲခဲ့သည့် မြေအောက်ရထားက ပေါ်တိုမြို့၏ မြေအောက်ရထားကွန်ရက်၏ စွမ်းဆောင်ရည်ကို သိသိသာသာ မြင့်တင်ပေးကာ ပြည်သူများ သက်သောင့်သက်သာနှင့် လုံခြုံစိတ်ချစွာ...
လစ္စဘွန်း ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ဂျာမနီ ခရီးသွား ၅၅ ဦး တင်ဆောင်လာသည့် ခရီးသွားယာဉ်တစ်စီးသည် ဧပြီ ၁၇ ရက်က ပေါ်တူဂီနိုင်ငံ Madeira ကျွန်းတွင် မတော်တဆမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးပြီး လူပေါင်းများစွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများအနက်...