ပေကျင်း ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အမေရိကန်က ဇွန်လ ၁ ရက်နေ့မှစ၍ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် မက္ကစီကို နိုင်ငံများအား သံမဏိနှင့်အလူမီနီယံခွန်စည်းကြပ်မည်ဟူသော သတင်းထွက်ပေါ်လာပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်း၏ဝေဖန်ပြောဆိုမှုများ ပေါ်ပေါက်လာသည်။ ဝါရှင်တန်၏ ဤလုပ်ရပ်မှာ ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ပျက်စီးစေမည့်အန္တရာယ်များ ထပ်တိုးစေသောကြောင့် နိုင်ငံတကာက စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပွားနေကြသည်။
ဝါရှင်တန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) ယခုလက်ရှိ ကုန်သွယ်ရေးတင်းမာမှုအခြေအနေ လျော့ကျသွားစေရန် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်လုပ်ဆောင်သွားကြရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး Roberto Azevedo က ဧပြီလ ၂၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ တိုက်တွန်းထားကြောင်း သိရသည်။