Connect with us

North America

ကုန်သွယ်ရေးတင်းမာမှု လျော့ကျစေရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွား ကြရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး တိုက်တွန်း

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး Roberto Azevedo အား သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ်(ဆင်ဟွာ )

ဝါရှင်တန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

ယခုလက်ရှိ ကုန်သွယ်ရေးတင်းမာမှုအခြေအနေ လျော့ကျသွားစေရန် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်လုပ်ဆောင်သွားကြရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး Roberto Azevedo က ဧပြီလ ၂၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ တိုက်တွန်းထားကြောင်း သိရသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)၊ နိုင်ငံတကာ ငွေကြေးနှင့်ဘဏ္ဍာရေး ကော်မတီ (IMFC)၏ ၃၇ ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို ဧပြီလ ၂၁ ရက် ဝါရှင်တန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ကုန်သွယ်ရေးတင်းမာမှုအခြေအနေကို ဖြေလျော့ရာတွင်သော်လည်း ကောင်း၊ စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းရာတွင်သော်လည်းကောင်း အလွန်ရေးပါကြောင်း ၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စွမ်းဆောင်မှုများ ပါဝင်ရမည်ဖြစ်ကြောင်း Roberto Azevedo၏အစည်းအဝေးကြေညာချက်ထဲတွင် ရေးသားထားသည်။

ဆက်လက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းမရှိလျှင် ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကြပ်အတည်းတွင် ကုန်သွယ်ရေးကိုယ်ကျိုးစီပွားကာကွယ်ဆောင်ရွက်မှုများဖြစ်ပေါ်လာပြီး ကမ္ဘာ့စီးပွားရေး သိသိသာသာ ဆုတ်ယုတ်ကျဆင်း လာမည်ဖြစ်ကြောင်း ၊ စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် ဘက်ပေါင်းစုံကုန်သွယ်ရေး စနစ်သည် ကမ္ဘာ့ကုန်သွယ်ရေးနှင့်စီးပွားရေးကို ချောချောမွေ့မွေ့လည်ပတ်နိုင်စေမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြည့်အဝအင်အားဖြည့်နိုင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ယခုလက်ရှိဖြစ်ပွားနေသည့် ကုန်သွယ်ရေးတင်းမာမှုများ ဖြေလျော့မှုမရှိပါက တစ်ဖက်သတ် ကုန်သွယ်ရေးနှင့် ကုန်သွယ်ရေးထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကာ ကမ္ဘာ့ကုန်သွယ်စီးပွားဖွံ့ဖြိုး တိုးတက်မှုက မသေချာအရေရာသောအခြေအနေတွေဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုဆက်ဆံရေး ပြိုကွဲလာခြင်းက ကမ္ဘာ့စီးပွားရေးပြန်လည်နလန်ထူလာရန် အနှောက်အယှက်ဖြစ်စေနိုင်ပြီး စီးပွားရေး ချဲ့ထွင်မှုကို အဟန့်အတားဖြစ်စေနိုင်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

နိုင်ငံတကာငွေကြေးနှင့်ဘဏ္ဍာရေးကော်မတီ(IMFC)က တစ်နှစ်လျှင် အစည်းအဝေး နှစ်ကြိမ်ကျင်းပကာ တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေကို ဆွေးနွေးလေ့ရှိပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)ကို လုပ်ငန်းအကြံပြုချက်များ တင်သွင်းလေ့ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.