ပေကျင်း၊ မေ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် လိမ်ညာမှုများအားထိပ်တန်းဖန်တီးသူဖြစ်ပြီး တရုတ်နိုင်ငံက အမြဲတစေ ၎င်းတို့၏ သတင်းမှားလုပ်ကြံမှုကမ်ပိန်း၌ သားကောင်ဖြစ်ရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ကျောက်လိကျန်း ကဆိုသည်။ “တရုတ်နိုင်ငံက ရုရှားနိုင်ငံကို ကူညီတယ်ဆိုတဲ့ သတင်းမှားတွေဟာ သူတို့ရဲ့ သတင်းမှားဖော်ပြထားတဲ့ ပြဌာန်းစာအုပ်ထဲမှာဖော်ပြထားပါတယ်။ အမေရိကန်က ဖန်တီးထားတဲ့ ဆောင်းပါးကို ကြည့်ခြင်းအားဖြင့်...
ပေကျင်း၊ မေ ၆ ရက် (ဆင်ဟွာ) ဒဏ်ခတ်ပိတ်မှုများက ငြိမ်းချမ်းရေး မဆောင်ကြဉ်းနိုင်သလို ကမ္ဘာ့စီးပွားရေးကိုသာ ဆိုးရွားလာစေမည်ဖြစ်ကြောင်း အချက်အလက်များက သက်သေပြလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ပုဂ္ဂိုလ်က မေ ၅ ရက်က ပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးအဖြစ် အမေရိကန်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်နာလန်ထူရန်နှင့် ကမ္ဘာ့ထောက်ပံ့ကွင်းဆက် တည်ငြိမ်ရန် ပိုမိုဆောင်ရွက်သွားသင့်ကြောင်း...
ပေကျင်း၊ မေ ၅ ရက် (ဆင်ဟွာ) ပင်တဂွန်စစ်ဌာနချုပ်သည် ၂၀၁၅ ခုနှစ်ကတည်းက ယူကရိန်းစစ်သား ၂၃,၀၀၀ ကျော်ကို လေ့ကျင့်မှုပေးခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက မေ ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီအထိ ယူကရိန်းစစ်သား စုစုပေါင်း ၂၃,၀၀၀ ကျော်ကို...
ဝါရှင်တန် ၊ မေ ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်သည် မေ ၄ ရက်က COVID-19 စစ်ဆေးရာတွင် ရောဂါကူးစက်ခံထားရသည်ကိုစစ်ဆေးတွေ့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဘလင်ကန်သည် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက PCR စစ်ဆေးမှုတစ်ခုခံယူရာတွင် ကူးစက်ခံထားရသည့် positive ရလဒ်အဖြေထွက်ပေါ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Ned Price ၏...
ဝါရှင်တန်၊ မေ ၄ ရက် (ဆင်ဟွာ) ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားစဉ်အတွင်း ရုရှားမှ ယူကရိန်းပြဿနာအပေါ် “ဝါဒဖြန့်မှု၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှုသီအိုရီနှင့် သတင်းအတုအယောင်” များကို တရုတ်အရာရှိနှင့် မီဒီယာများက ချဲ့ကားဖော်ပြနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းမှတ်ချက်ပြုမှုအပေါ် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက မေ...
ပေကျင်း၊ မေ ၁ ရက် (ဆင်ဟွာ) ရုရှားသည် ယူကရိန်းရှိ အမေရိကန်စစ်တပ်၏ ဇီဝဓာတ်ခွဲခန်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုအတွင်း အမေရိကန်အဆင့်မြင့်အရာရှိများနှင့် ကုမ္ပဏီလုပ်ငန်းတာဝန်ရှိသူများပါဝင်ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း ရုရှားအရာရှိက ဧပြီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ နျူကလီးယားမပြန့်ပွားရေးနှင့် လက်နက်ထိန်းချုပ်ရေးအေဂျင်စီ အကြီးအကဲ Vladimir Yermakov က ရုရှားလွှတ်တော်မှလုပ်ဆောင်နေသည့်...
ဘဂ္ဂဒတ် ၊ မေ ၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ အနောက်ပိုင်း အန်ဘာပြည်နယ်(Anbar) ရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများ နှင့် အဖွဲ့အစည်းများ နေထိုင်ရာ အိမ်ရာဝင်းတည်ရှိသည့် လေတပ်အခြေစိုက်စခန်းတစ်သည် ဧပြီ ၃၀ ရက်တွင် ကတ်ယုရှ (Katyusha) ဒုံးကျည် နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း...
ဝါရှင်တန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ယူကရိန်းနိုင်ငံသို့ ကာကွယ်ရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ဧပြီ၂၈ ရက်တွင် လွှတ်တော်သို့ “၂၀၂၂ ဘဏ္ဍာနှစ် အရေးပေါ်ဖြည့်စွက်ရန်ပုံငွေ” အဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကို အတည်ပြုပေးရန်...
ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) လူသန်းပေါင်း ၁၄၀၀ ရှိသော တရုတ်လူမျိုးများက နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက် ပြည်စုံမှုအား ကာကွယ်စောင့်ရှောက်မည့် ခိုင်မာသော သန္နိဌာန်နှင့် ကြီးမားသည့်စွမ်းရည်ကို လျှော့မတွက်ရန် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်အား သတိပေးလိုကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ပြီးခဲ့သည့်ရက်ပိုင်း ထိုင်ဝမ်အရေးနှင့်စပ်လျဉ်းသည့် ပြောကြားချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...
ပေကျင်း၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) အရပ်သားများ ထွက်ခွာနိုင်ရေးအတွက် မာရီယူပိုးလ်မြို့ Azovstal စက်ရုံ စစ်ဆင်ရေးကို ရုရှားဘက်က မော်စကို စံတော်ချိန် ဧပြီ ၂၅ ရက် ၁၄ နာရီမှစပြီး တစ်ဖက်သတ် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် ကြေညာချက်...