Connect with us

Media

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Janet Yellen တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Janet Yellen နှင့် ဧပြီ ၇ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လီချန်က နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာ လမ်းညွှန်မှုအောက်တွင် လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေးသည် တည်ငြိမ်သည့်အနေအထားတွင် ရှိကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီက သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ဘိုင်ဒန် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာတွင် တွေ့ဆုံဆွေးနွေးမှုများကို အားဖြည့်ဆောင်ရွက်ခြင်း၊ ကွဲလွဲမှုများကို ထိန်းချုပ်စီမံခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်းဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးရန် နှစ်ဘက်စလုံးက သဘောတူခဲ့ကြကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ရန်ဘက်မဟုတ်သည့် မိတ်ဖက်များအဖြစ် အပြန်အလှန် လေးစားရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အမေရိကန်နိုင်ငံသည်လည်း ရည်မှန်းချက်တူ ဆောင်ရွက်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော်ခြင်းဖြင့် “ဆန်ဖရန်စစ္စကို မျှော်မှန်းရာ”ကို “လက်တွေ့”အဖြစ် ဖော်ဆောင်သွားမည်ဟု မျှော်လင့်ကြောင်း လီချန်က ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ကမ္ဘာ့ ရှေ့ပြေး စီးပွားရေးနိုင်ငံကြီး နှစ်ခုအနေဖြင့် အကျိုးစီးပွားပေါင်းစည်းယှက်နွယ်မှုများ ရှိရာ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းသည် နှစ်နိုင်ငံ ကိုယ်စီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အရေးကြီးသည့် အနက်အဓိပ္ပါယ် ရှိကြောင်း လီချန်က ထောက်ပြ ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများကို မြှင့်တင်ကာ ကွဲလွဲမှုများအား စီမံထိန်းချုပ်မှုနှင့် ဖြေရှင်းမှု နည်းလမ်းများကို အတူ ရှာဖွေကြရမည် ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်ချောမွေ့မှု၊ ထိရောက်မှု ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများနှင့်ပြည်သူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းအောင် ဖန်တီးရမည် ဖြစ်သလို ကမ္ဘာ့စီးပွားရေး တိုးတက်ရေးနှင့် ပြည်သူ့ဘဝ တိုးတက်ကောင်းမွန်ရေးအတွက် အကျိုးဖော်ဆောင်ရမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူ အမေရိကန်နိုင်ငံသည်လည်း ကုန်သွယ်စီးပွားရေးကို နိုင်ငံရေးအသွင်မပြောင်းရန်၊ လုံခြုံရေးအသွင်ကို အကျယ်မချဲ့ရန် ၊ တရားမျှတစွာ ယှဉ်ပြိုင်နိုင်မှု၊ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှု ရှိသော ဈေးကွက်စီးပွား အခြေခံမူများကို ခိုင်မာစွာ ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း၊ ကုန်ထုတ်စွမ်းရည်အရေးကိစ္စကို ဈေးကွက်အမြင်၊ ကမ္ဘာလုံးဆိုင်ရာအမြင်ဖြင့် စီးပွားရေး စည်းမျဉ်းစည်းကမ်းဟူသော ရှုထောင့်မှ ဓမ္မဓိဋ္ဌာန်ကျကျ ၊ တရားနည်းလမ်းကျစွာ ရှုမြင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ စွမ်းအင်သစ်ထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် ကာဗွန်လျော့နည်း အသွင်ပြောင်းရေးအတွက် အရေးကြီးသည့် အကျိုးဆောင်မှု ဖြစ်လာမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ ဥတုရာသီပြောင်းလဲမှု စသည့် ကဏ္ဍများတွင် မူဝါဒရေးရာ ညှိနှိုင်းမှုများ မြှင့်တင်ဆောင်ရွက်ကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူ ရင်ဆိုင်ဖြေရှင်းသွားလိုကြောင်း လီချန်က ပြောကြားခဲ့သည်။

Janet Yellen က နှစ်ဖက် အတူတကွ ကြိုးစားမှုအောက်တွင် အမေရိကန်-တရုတ် ဆက်ဆံရေးသည် ပိုမိုတည်ငြိမ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ရှေ့ပြေး စီးပွားရေး နိုင်ငံကြီး နှစ်နိုင်ငံအနေဖြင့် အမေရိကန်-တရုတ် နှစ်နိုင်ငံသည် နှစ်ဖက်စီးပွားရေးကဏ္ဍဆက်ဆံရေးကို တာဝန်သိစွာ စီမံရမည် ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် အမေရိကန်-တရုတ် စီးပွားရေး တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် “ကွင်းဆက်ဖြတ်တောက်”ရန် ကြိုးပမ်းမည် မဟုတ်သလို တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆန်ဖရန်စစ္စကို တွေ့ဆုံဆွေးနွေးမှုမှ ရရှိခဲ့သော အရေးကြီးသဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်သွားလိုကြောင်း၊ ပွင့်လင်းရိုးသားစွာ ညှိနှိုင်းဆွေးနွေးရန်၊ အထင်အမြင်လွဲမှားမှုများကို ရှောင်ရှားရန်၊ ပူးပေါင်းဖလှယ်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ရန်၊ ကွဲလွဲမှုများကို သင့်လျော်ကောင်းမွန်စွာ စီမံထိန်းချုပ်ရန်၊ ကမ္ဘာလုံးဆိုင်ရာ အရေးကြီး စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ရန်၊ အမေရိကန်-တရုတ် ဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်ရေး တွန်းအားပေးရန် ဆောင်ရွက်သွားလိုကြောင်း Janet Yellen က ပြောကြားခဲ့သည်။ (Xinhua)

……………………….
(Chinese Version)
李强会见美国财政部长耶伦
新华社北京4月7日电 国务院总理李强4月7日上午在北京人民大会堂会见美国财政部长耶伦。
李强表示,在两国元首战略指引下,当前中美关系出现企稳态势。习近平主席不久前同拜登总统通电话,双方一致同意要加强对话、管控分歧、推进合作,推动中美关系稳定发展。中方希望中美做伙伴而不是对手,相互尊重、和平共处、合作共赢。希望美方同中方更多相向而行,继续落实好两国元首重要共识,让“旧金山愿景”成为“实景”。
李强指出,中美作为世界前两大经济体,经济利益深度交融,加强经贸合作对双方各自发展和全球经济增长都具有重要意义。双方要加强沟通,共同找到管控分歧、解决分歧的办法,让中美经贸合作稳定、顺畅、高效,为两国企业和人民创造更多实惠,也为世界经济发展和民生改善作出贡献。希望美方与中方一道,坚持公平竞争、开放合作的市场经济基本准则,不把经贸问题泛政治化、泛安全化。要以市场眼光和全球视野,从经济规律出发,客观、辩证看待产能问题。中国的新能源产业发展,将对全球绿色低碳转型作出重要贡献。中方愿同美方在应对气候变化等问题上加强政策协调,共同应对全球性挑战。
耶伦表示,在双方共同努力下,美中关系变得更加稳定。作为全球前两大经济体,美中双方应当负责任地管理双边经济关系。美方赞赏美中经济对话合作取得的进展,不寻求同中方“脱钩”,愿同中方一道落实两国元首旧金山会晤达成的重要共识,坦诚沟通,避免误解,深化交流合作,妥善管控分歧,共同应对紧迫的全球性挑战,推动美中关系稳定发展。(完)