ပေကျင်း ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါသည် “ဓာတ်ခွဲခန်းမှလွတ်ထွက်လာခြင်း” ဟူသည့် အယူအဆကို တရုတ်နိုင်ငံပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၂၁ ရက်တွင် နောက်တစ်ကြိမ်ထပ်မံပယ်ချလိုက်ပြီး ယင်းမှာ အခြေအမြစ်မရှိသော အလိမ်အညာဇာတ်လမ်း တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ရွှေ့ပြောင်းသွားလာသူများ ရောက်ရှိလာမှုသည် ဇွန်လတွင် နှစ်အလိုက် မြင့်မားသော အရေအတွက်သို့ ရောက်ရှိလာခဲ့ကြောင်း အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) က ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သည့် စာရင်းအင်းအသစ်အရ သိရသည်။
ဝါရှင်တန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) လက်ရှိတွင် ဟေတီနိုင်ငံသို့ စစ်တပ်စေလွှတ်ရန် အမေရိကန်တွင် အစီအစဉ်မရှိသေးဟု အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေးတစ်ခုအတွက် အီရန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံအကြား လတ်တလောဆွေးနွေးညှိနှိုင်းနေကြောင်း နှင့် အီရန်နိုင်ငံအနေဖြင့် အကျဉ်းသားအားလုံး အပြန်အလှန် လဲလှယ်မှုအတွက် အသင့်ရှိကြောင်း အီရန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၃ ရက်တွင် အတည်ပြုခဲ့သည်ဟု နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) သမ္မတဂျိုဗီနယ်လ်မော်စီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် နိုင်ငံအတွင်း ယိုးယွင်နေသော အခြေအနေအား ထိန်းသိမ်းရာ၌ အမေရိကန်တပ်ဖွဲ့ဝင်များ ဝင်ရောက် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ဟေတီနိုင်ငံ၏ တောင်းဆိုမှုအပေါ် စဉ်းစားသုံးသပ်နေဆဲဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) ဆိုက်ဘာပြစ်မှုကျူးလွန်ခြင်းစသည့် ပြဿနာများကို တိုက်ဖျက်ရန်အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့ ဇူလိုင် ၉ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံခေါင်းဆောင်များက ပြီးခဲ့သည့်လ၌ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည့် သတင်းအချက်အလက်လုံခြုံရေးနှင့်...
ဝါရှင်တန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်ရှိ အမေရိကန်၏ စစ်ရေးတာဝန်များကို ဩဂုတ် ၃၁ ရက်တွင် အဆုံးသတ်တော့မည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။ စစ်တပ်ရုပ်သိမ်းခြင်းကို စနစ်တကျ အလျင်အမြန်လုပ်ဆောင်နေသည်ဟု ဘိုင်ဒန်က ယင်းနေ့ညနေပိုင်း အိမ်ဖြူတော်၌ အာဖဂန်အခြေစိုက်တပ်ရုပ်သိမ်းမှုအကြောင်းကို...
မော်စကို၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) ရုရှားစစ်တပ် Su-30 တိုက်လေယာဉ် နှစ်စီးသည် ပင်လယ်နက် ရုရှားလေပိုက်နက်သို့ ဝင်ရောက်လာသည့် ကင်းလှည့်လေယာဉ်တစ်စီးကို ဇူလိုင် ၆ ရက်က တားဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကပ်ရောဂါမှ ပြန်လည်နာလန်ထူရေးအတွက် မေးခွန်းများ မေးမြန်းခဲ့ရာတွင် အရွယ်ရောက်ပြီးသူ ၃၀ ရာခိုင်နှုန်းသည် COVID-19 ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသလို ထိုးနှံရန်လည်း အစီအစဉ်မရှိကြောင်း မကြာသေးမီက ပြုလုပ်ထားသော လူထုစစ်တမ်း၌ ဖော်ပြထားကြောင်း အမေရိကန် ရုပ်မြင်သံကြားကွန်ရက် American Broadcasting...
ချီကာဂို၊ဇူလိုင် ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ပြီးခဲ့သော ရက်သတ္တပတ်အကုန် သောကြာနေ့ မှ အင်္ဂါနေ့ နံနက်အစောပိုင်းထိ “ အမေရိကန်လွတ်လပ်ရေးနေ့” အားလပ်ရက် ၃ ရက် တာ ကာလအတွင်း အနည်းဆုံး လူပေါင်း ၁၀၄ ဦးသေနတ်ပစ်ခတ်ခံရပြီး သေဆုံးသူ ၁၇ ဦးရှိကြောင်း ချီကာဂိုရဲတပ်ဖွဲ့...